JONAH
Chapter 4
Jona | BurJudso | 4:1 | ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက် သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ် လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။ | |
Jona | BurJudso | 4:2 | ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသ ဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ | |
Jona | BurJudso | 4:3 | သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေ ခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ ၏။ | |
Jona | BurJudso | 4:5 | ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင် ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကို လုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။ | |
Jona | BurJudso | 4:6 | အရှင်ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှါ သူ့ ခေါင်းပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရဝမ်းမြောက်၏။ | |
Jona | BurJudso | 4:7 | နက်ဖြန်မိုဃ်းလင်းသောအခါ ဘုရားသခင် ခန့် ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။ | |
Jona | BurJudso | 4:8 | နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူ သောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိ လျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ ကောင်းသည်ဟု မြည်တမ်းလေ၏။ | |
Jona | BurJudso | 4:9 | ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင် အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူ လျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင် အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏။ | |
Jona | BurJudso | 4:10 | ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာ မလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဉ့်ခြင်းတွင် ပေါက်၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။ | |