Site uses cookies to provide basic functionality.

OK
REVELATION OF JOHN
Prev Up Next
Chapter 10
Reve BurJudso 10:1  ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကို ဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏ မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။
Reve BurJudso 10:2  ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ၏။ လက်ျာခြေသည်ပင်လယ်ပေါ်မှာ၎င်း ၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာ ၎င်း နင်း၍ ၊
Reve BurJudso 10:3  ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်လေ၏။
Reve BurJudso 10:4  မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော် ၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံခုနစ် ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား ၏။
Reve BurJudso 10:5  ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊
Reve BurJudso 10:6  ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက် စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည် နှင့်စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသော အရာ သည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုး မှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည် ဟုကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို၎င်း ၊ အရပ်ရပ်၌ရှိရှိသမျှတို့ကို၎င်း၊
Reve BurJudso 10:7  ဖန်ဆင်း၍ ကမ္ဘာ အဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
Reve BurJudso 10:8  ငါကြားရသော ကောင်းကင်အသံသည် တဖန် ငါ့အား ပြောသည်ကား၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေ သော ကောင်းကင်တမန်၏ လက်၌ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ဟု ဆိုလျှင်၊
Reve BurJudso 10:9  ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပစပ်၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆိုလျှင်၊
Reve BurJudso 10:10  ငါသည် စာစောင်ကို ကောင်းကင်တမန်၏လက်မှ ယူ၍စား၏။ ပစပ်၌ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။
Reve BurJudso 10:11  ကောင်းကင်တမန်ကလည်း၊ သင်သည် အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး တို့၌၎င်း၊ ရှင်ဘုရင်တို့၌၎င်း၊ တဖန် ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။