REVELATION OF JOHN
Chapter 1
Reve | BurJudso | 1:1 | ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်း ကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။ | |
Reve | BurJudso | 1:2 | ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ၏။ | |
Reve | BurJudso | 1:3 | ကာလအချိန်ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ၏။ | |
Reve | BurJudso | 1:4 | ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက၎င်း၊ | |
Reve | BurJudso | 1:5 | သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ် သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ | |
Reve | BurJudso | 1:6 | မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့် ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ | |
Reve | BurJudso | 1:7 | ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ | |
Reve | BurJudso | 1:8 | ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍ ၊ ပစ္စုပ္ပန် ၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။ | |
Reve | BurJudso | 1:9 | ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက၊ သင်တို့အစ်ကို ငါ ယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှု ခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင် ၊ | |
Reve | BurJudso | 1:10 | သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍ ၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက်၌ မြည်သော အသံကြီးကို ကြား၏။ | |
Reve | BurJudso | 1:11 | မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သော အရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက် လော့ဟုဆိုသတည်း။ | |
Reve | BurJudso | 1:12 | ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင် ၊ ရွှေမီးခွက်ခုနှစ် လုံးကို၎င်း ၊ | |
Reve | BurJudso | 1:13 | ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦး ကို၎င်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ | |
Reve | BurJudso | 1:14 | ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း ၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။ | |
Reve | BurJudso | 1:15 | ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ | |
Reve | BurJudso | 1:16 | လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။ | |
Reve | BurJudso | 1:17 | ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်ထောက်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ | |
Reve | BurJudso | 1:18 | အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ၏။ | |
Reve | BurJudso | 1:19 | ထိုကြောင့်၊ သင်သည်မြင်ပြီးသော အရာတို့ကို၎င်း၊ ယခုရှိသော အရာတို့ကို၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို၎င်း ရေးထားလော့။ | |