NEHEMIAH
Chapter 2
Nehe | BurJudso | 2:1 | အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လ တွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက် လေ၏။ | |
Nehe | BurJudso | 2:2 | အထက်ကတခါမျှ ရှေ့တော်၌ ညှိုးငယ်သော မျက်နှာကို မပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်း နည်းဟန်ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊ | |
Nehe | BurJudso | 2:3 | ငါသည်အလွန်ကြောက်၍၊ ရှင်ဘုရင် အသက် တော်အစဉ်အမြဲရှင်ပါစေ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်း ရှိရာမြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာ မညှိုး ငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော်၊ | |
Nehe | BurJudso | 2:4 | ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင် သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော် ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို ကျွန်တော် ပြုစု ရမည်အကြောင်း၊ | |
Nehe | BurJudso | 2:5 | ယုဒပြည်သို့ စေလွှတ်တော်မူပါစေဟု ကောင်းကင် ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီး မှ လျှောက်လေ၏။ | |
Nehe | BurJudso | 2:6 | ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှ ကာလကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည် နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက် ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ် လိုက်တော်မူ၏။ | |
Nehe | BurJudso | 2:7 | တဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ် အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကို မဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။ | |
Nehe | BurJudso | 2:8 | ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော် ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့၎င်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဘို့၎င်း၊ သစ်ကိုပေးရမည် အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော် မူ၏။ | |
Nehe | BurJudso | 2:9 | ထိုအခါ မြစ်အနောက်ဘက်မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကိုပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့် အတူ စေလွှတ်တော်မူသတည်း။ | |
Nehe | BurJudso | 2:10 | ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစု ခြင်းငှါ၊ လူတယောက် လာကြောင်းကငိ၊ ဟောရနိလူ သမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့ သည် ကြားသော်၊ အလွန်နှလုံးမသာရှိကြ၏။ | |
Nehe | BurJudso | 2:12 | ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညဉ့်အခါ ထ၍ ယေရုရှလင်မြို့အဘို့ ပြုခြင်းငှါ၊ ငါ၏ဘုရားသခင် သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတယောက်အားမျှမပြော၊ ကိုယ်စီးသော မြင်းမှတပါး အဘယ်အရာမျှမပါဘဲ၊ | |
Nehe | BurJudso | 2:13 | ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်း တဘက်တချက်၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါး လည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊ | |
Nehe | BurJudso | 2:14 | စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊ | |
Nehe | BurJudso | 2:15 | တဖန်ထိုညဉ့်၌ ချောင်းနားတွင် ရှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန် လေ၏။ | |
Nehe | BurJudso | 2:16 | အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည် ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သော သူတစုံ တယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။ | |
Nehe | BurJudso | 2:17 | နောက်တဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရု ရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြ ကုန်အံ့ဟု သူတို့အားဆိုလျက်၊ | |
Nehe | BurJudso | 2:18 | ငါ၏ ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကို၎င်း၊ ရှင်ဘုရင် မိန့်တော်မူသော စကားကို၎င်း ကြားပြောလေသော်၊ သူတို့က၊ ငါတို့သည် ထ၍ တည်ကြ ကုန်အံ့ဟုဆိုလျက်၊ ထိုကောင်းမှုကို ပြီးစေခြင်းငှါ၊ တယောက်ကိုတယောက် နှိုးဆော်ကြ၏။ | |
Nehe | BurJudso | 2:19 | ထိုသိတင်းကို ဟောရနိလူသမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိ၊ အာရပ်အမျိုးသား ဂေရှင်တို့ သည် ကြားလျှင်၊ ပြက်ယယ်ပြု၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ၏။ | |