NEHEMIAH
Chapter 3
Nehe | BurJudso | 3:1 | ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါး ကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ၏။ | |
Nehe | BurJudso | 3:2 | သူတို့နောက်မှ၊ ယေရိခေါမြို့သားတို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဣမရိသား ဇက္ကုရပြင်၏။ | |
Nehe | BurJudso | 3:3 | ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင် ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။ | |
Nehe | BurJudso | 3:4 | သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏ သား မေရမုတ်ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသား ဖြစ်သော ဗေရခိ၏သားမေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။ | |
Nehe | BurJudso | 3:5 | သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏ အမှုကိုဝိုင်းညီ၍မပြုကြ။ | |
Nehe | BurJudso | 3:6 | တံခါးဟောင်းကိုကား၊ ပါသာသားယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက်တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။ | |
Nehe | BurJudso | 3:7 | သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ ၏။ | |
Nehe | BurJudso | 3:8 | သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမား ဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့ စေကြ၏။ | |
Nehe | BurJudso | 3:10 | သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တဘက်တချက်၌ပြင်၏။ သူ့နောက်မှ၊ ဟာရှ ဗနိသား ဟတ္တုတ်ပြင်၏။ | |
Nehe | BurJudso | 3:11 | ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား၊ ဟာရိမ်သား မာလခိယနှင့်၊ ပါဟတ်မောဘသား ဟာရှုတ် တို့သည် ပြင်ကြ၏။ | |
Nehe | BurJudso | 3:12 | သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ် သောသူ၊ ဟာလောဟတ်သားရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။ | |
Nehe | BurJudso | 3:13 | ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သား တို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင်တထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။ | |
Nehe | BurJudso | 3:14 | ဗေသက္ကရင်မြို့တပိုင်းကို အုပ်သောရေခပ်သား မာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား၏။ | |
Nehe | BurJudso | 3:15 | မိဇပါမြို့တပိုင်းကို အုပ်သော ကောလဟောဇ သား ရှလ္လုံသည် စမ်းရေတွင်းတံခါးကိုပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ပြီးလျှင်၊ ဥယျာဉ်တော်နားမှာ၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့လှေကားတိုင်အောင်တည်၏။ | |
Nehe | BurJudso | 3:16 | သူ့နောက်မှ ဗက်ဇုရမြို့တပိုင်းကို အုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်းတဘက် တချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင် ပြင်၏။ | |
Nehe | BurJudso | 3:17 | သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင် ၏။ သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟာရှဘိ သည် မိမိတာကိုပြင်၏။ | |
Nehe | BurJudso | 3:19 | သူ့နောက်မှ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရ သည်၊ လက်နက်စုံတိုက်သို့တက်ရာ တဘက်တချက်၊ မြို့ထောင့်ထိအောင် ပြင်၏။ | |
Nehe | BurJudso | 3:20 | သူ့နောက်မှ၊ ဇဗ္ဗဲသား ဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။ | |
Nehe | BurJudso | 3:21 | သူ့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏ သား မေရမုတ်သည်၊ ဧလျာရှိပ် အိမ်တံခါးမှ အိမ်ထောင့် တိုင်အောင်ပြင်၏။ | |
Nehe | BurJudso | 3:23 | သူတို့နောက်မှ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တဘက်တချက်၌ပြင်ကြ၏။ သူတို့နောက်မှ၊ အာနနိသားဖြစ်သော မာသေယ၏သား အာဇရိသည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ | |
Nehe | BurJudso | 3:24 | သူ့နောက်မှ၊ ဟေနဒဒ်သား ဗိနွိသည်၊ အာဇရိ အိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင်ပြင်၏။ | |
Nehe | BurJudso | 3:25 | ဥဇဲသားပါလလသည် မြို့ရိုးကွေ့ရာ တဘက် တချက်ကို၎င်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာ ရှိသော ပြအိုးကို၎င်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။ | |
Nehe | BurJudso | 3:26 | ထိုမှတပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တဘက်တချက်၌၊ မိမိတို့နေရာဩဖေလ ရဲတိုက်ကို၎င်း၊ ပြင်သို့ထွက်သော ပြအိုးကို၎င်း ပြင်ကြ၏။ | |
Nehe | BurJudso | 3:27 | သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တဘက်တချက်၌၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။ | |
Nehe | BurJudso | 3:28 | မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာအိမ် တဘက်တချက်၌ အသီးအသီးပြင်ကြ ၏။ | |
Nehe | BurJudso | 3:29 | သူတို့နောက်မှ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနို သား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။ | |
Nehe | BurJudso | 3:30 | သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည်ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသား မေရှုလံသည် မိမိအိပ်ရာခန်းတဘက် တချက်၌ ပြင်၏။ | |
Nehe | BurJudso | 3:31 | သူ့နောက်မှ၊ ပန်းတိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တဘက်တချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာ အရပ်တိုင်အောင်၎င်း၊ မြို့ထောင့်တက် ရာအရပ်တိုင်အောင်၎င်းပြင်၏။ | |