Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next
Chapter 13
Psal BurJudso 13:1  အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံးမေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထား တော်မူမည်နည်း။
Psal BurJudso 13:2  အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက်၊ အဘယ် မျှ ကာလပတ်လုံး တွေးတောသောစိတ်ရှိရပါမည်နည်း။ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း။
Psal BurJudso 13:3  အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင်တော်မူပါ။ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ။ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းသို့ ရောက်ရပါမည်။
Psal BurJudso 13:4  အကျွန်ုပ်၏ရန်သူက၊ ငါနိုင်ပြီဟုဆို၍၊ အကျွန်ုပ် ကို နှောင့်ရှက်သော သူတို့သည် အကျွန်ုပ်လှုပ်ရှားသည် ကို ဝမ်းမြောက်ကြပါလိမ့်မည်။
Psal BurJudso 13:5  အကျွန်ုပ်သည် ကရုဏာတော်ကို ယုံကြည်ပါ၏။ ကယ်တင်တော်မူခြင်းအရာ၌ နှလုံးရွှင်လန်းပါလိမ့်မည်။
Psal BurJudso 13:6  အကျွန်ုပ်၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။