Site uses cookies to provide basic functionality.

OK
I CHRONICLES
Prev Up Next Toggle notes
Chapter 20
I Ch BurJudso 20:1  အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ယွာဘသည်ဗိုလ်ခြေအလုံး အရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကို ဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌နေလေ၏။
I Ch BurJudso 20:2  ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ဖျက်ပြီးမှ၊ ဒါဝိဒ် သည် မင်းကြီး၏ သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။
I Ch BurJudso 20:3  မြို့သားတို့ကိုလည်း ထုတ်၍လွှတိုက်မှု၊သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့သူရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့် အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
I Ch BurJudso 20:4  နောက်တဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကို သတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။
I Ch BurJudso 20:5  နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ ညီလာခမိကို သတ်လေ၏။
I Ch BurJudso 20:6  နောက်တဖန်ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ် မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်၊
I Ch BurJudso 20:7  ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ် အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ်လေ ၏။
I Ch BurJudso 20:8  ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး သားဖြစ်၍ ဒါဝိဒ်နှင့်သူ၏ကျွန်တို့လက်ဖြင့်သေကြ၏။