Site uses cookies to provide basic functionality.

OK
I CHRONICLES
Prev Up Next Toggle notes
Chapter 8
I Ch BurJudso 8:1  ဗင်္ယာမိန်သားဦးကား ဗေလ၊ ဒုတိယသား အာရှဗေလ၊ တတိယသားအဟိရံ၊
I Ch BurJudso 8:2  စတုတ္ထသား နောဟ၊ ပဉ္စမသား ရာဖတည်း။
I Ch BurJudso 8:3  ဗေလသားကား အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊
I Ch BurJudso 8:4  အဘိရွှ၊ နေမန်၊ အာဟော၊
I Ch BurJudso 8:5  ဂေရာ၊ ရှေဖုဖံ၊ ဟုရံတည်း၊
I Ch BurJudso 8:6  မာနဟက်မြို့သို့ နေရာပြောင်းသော ဂေဗမြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ်သားကား၊ နေမန်၊ အဟိယ၊ ဂေရတည်း။
I Ch BurJudso 8:7  နေရာပြောင်းသောနောက်၊ ဩဇနှင့် အဟိဟုဒ် ကိုလည်း မြင်၏။
I Ch BurJudso 8:8  ရှဟာရိမ်သည် မယားဟုရိမ်နှင့် ဗာရာကိုစွန့်ပြီး မှ၊ မောဘပြည်၌ နေ၍၊
I Ch BurJudso 8:9  မယားဟောဒေရှတွင် ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊
I Ch BurJudso 8:10  ယုဇ၊ ရှာခိ၊ မိရမတို့ကို မြင်၍၊ ဤသူတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ၏။
I Ch BurJudso 8:11  အရင်မယား ဟုရှိမ်တွင်၊ အဘိတုပ်နှင့် ဧလပါလကို မြင်၏။
I Ch BurJudso 8:12  ဧလပါလသားကား ဧဗာ၊ မိရှဟံ၊ ရှာမက် တည်း။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ်၏။
I Ch BurJudso 8:13  ဗေရိယနှင့် ရှေမတို့သည် ဂါသမြို့သားတို့ကို နှင်ထုတ်သော အာဇလုန်မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။
I Ch BurJudso 8:14  ထိုမှတပါး၊ အဟိဩ၊ ရှာရှက်၊ ယေရိမုတ်၊
I Ch BurJudso 8:15  ဇေဗဒိ၊ အာရဒ်၊ အာဒါ၊
I Ch BurJudso 8:16  မိက္ခေလ၊ ဣရှပ၊ ယောဟတို့သည် ဗေရိယသား ဖြစ်ကြ၏။
I Ch BurJudso 8:17  ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊ ဟေဗာ၊
I Ch BurJudso 8:18  ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့သည် ဧလပါလ သားတည်း။
I Ch BurJudso 8:19  ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊
I Ch BurJudso 8:20  ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊
I Ch BurJudso 8:21  အဒါယ၊ ဗေရာယ၊ ရှိမရတ်တို့သည် ရှိမဟိ သားတည်း။
I Ch BurJudso 8:22  ဣရှပန်၊ ဟေဗာ၊ ဧလေလ၊
I Ch BurJudso 8:23  အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊
I Ch BurJudso 8:24  ဟာနနိ၊ ဧလံ၊ အန္တောသိယ၊
I Ch BurJudso 8:25  ဣဖဒိယ၊ ပေနွေလတို့သည် ရှာရှက်သားတည်း။
I Ch BurJudso 8:26  ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊
I Ch BurJudso 8:27  ယာရရှိ၊ ဧလိယ၊ ဇိခရိတို့သည် ယေရောဟံ သားတည်း။
I Ch BurJudso 8:28  ဤသူတို့သည် ယေရုရှလင်မြို့မှာနေ၍၊ အစဉ် အဆက်အဆွေအမျိုးသူကြီးမင်းဖြစ်ကြ၏။
I Ch BurJudso 8:29  ဂိဗောင်မြို့မှာ ဂိဗေါင်အဘယေဟေလနေ၏။ သူ၏မယားကား မာခါအမည်ရှိ၏။
I Ch BurJudso 8:30  သူ၏သားဦးကား အာဗဒုန်၊ သူ၏ညီကား ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊
I Ch BurJudso 8:31  ဂေဒေါ်၊ အဟိဩ၊ ဇာခရိ၊ မိကလုတ်တည်း။
I Ch BurJudso 8:32  မိကလုပ်သားကား ရှိမံတည်း။ ဤသူတို့သည် ယေရုရှင်လင်မြို့ မှာညီအစ်ကိုစုအနား၊ တဘက်တချက်၌ နေရာကျကြ၏။
I Ch BurJudso 8:33  နေရသားကားကိရှ၊ ကိရှသားရှောလု၊ ရှောလု သား ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလ တည်း။
I Ch BurJudso 8:34  ယောနသန်သားကား မေရိဗ္ဗာလ၊ မေရိဗ္ဗာလ သား မိက္ခာ၊
I Ch BurJudso 8:35  မိက္ခာသား ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် တည်း။
I Ch BurJudso 8:36  အာခတ်သား ကားယာရ၊ ယာရသားအာလ မက်၊ အာဇမာဝက်၊ ဇိမရိတည်း၊ ဇိမရိသားကား မောဇ၊
I Ch BurJudso 8:37  မောဇသားဗိနာ၊ ဗိနာသား ရေဖာယ၊ ရေဖာယ သား ဧလာသ၊ ဧလာသသား အာဇေလ၊
I Ch BurJudso 8:38  အာဇေလသား ခြောက်ယောက်အမည်ကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ ဩဗဒိ၊ ဟာနန်တည်း။
I Ch BurJudso 8:39  အာဇေလညီ ဧရှက်သားဦးကား ဥလံ၊ ဒုတိယ သား ယေဟုတ်၊ တတိယသား ဧလိဖလက်တည်း။
I Ch BurJudso 8:40  ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲ ဖြစ်ကြ၏။ သားမြေးများ၍ ပေါင်းတရာငါးဆယ်ရှိကြ၏။ ဤရွေ့ကား၊ ဗင်္ယာမိန်သားစဉ်မြေးဆက်ဖြစ်သတည်း။