Site uses cookies to provide basic functionality.

OK
I CHRONICLES
Prev Up Next Toggle notes
Chapter 3
I Ch BurJudso 3:1  ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရ မေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလ တည်း။
I Ch BurJudso 3:2  တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း။
I Ch BurJudso 3:3  ပဉ္စမသားကား အဘိတလ၏သားရှေဖတိတည်း။ ဆဌမသားကား၊ မြောက်သားတော် ဧဂလတွင် မြင်သော သား ဣသရံတည်း။
I Ch BurJudso 3:4  ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့၌ မြင်၏။ ထိုမြို့တွင် ခုနစ်နှစ်နှင့်ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ်မင်းပြု၏။
I Ch BurJudso 3:5  ယေရုရှလင်မြို့၌မြင်သောသားဟူမူကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်တည်းဟူသော အမျေလ သမီး ဗာသရှေဘတွင် မြင်သောသား လေးယောက်။
I Ch BurJudso 3:6  ထိုမှတပါး၊ ဣဗဟာ။ ဧလိရွှ၊ ဧလိပလက်။
I Ch BurJudso 3:7  နောဂ၊ နေဖက်၊ ယာဖျာ၊
I Ch BurJudso 3:8  ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်၊ ပေါင်းကိုး ယောက်တည်း။
I Ch BurJudso 3:9  ဤရွေ့ကားမယားငယ်တွင်ရသောသားတို့ကို မဆိုဘဲ ဒါဝိဒ်၏ သားများတည်း။ နှမသာမာလည်းရှိ၏။
I Ch BurJudso 3:10  ရှောလမုန်သားကား ရောဗောင်၊ ရောဗောင် သားအဘိယ၊ အဘိယသား ယောရှဖတ်၊
I Ch BurJudso 3:11  ယောရှဖတ်သားယောရံ၊ ယောရံသားအာခဇိ၊ အာခဇိသာ ယောရှ၊
I Ch BurJudso 3:12  ယောရှသား အာမဇိ၊ အာမဇိသား ဩဇိ၊ ဩဇိသားယောသံ၊
I Ch BurJudso 3:13  ယောသံသား အာခတ်၊ အာခတ်သားဟေဇကိ၊ ဟေဇကိသား မနာရှေ၊
I Ch BurJudso 3:14  မနာရှေသား အာမုန်၊ အာမုန်သား ယောရှိ တည်း။
I Ch BurJudso 3:15  ယောရှိသားဦးကား ယောဟာနန်၊ ဒုတိယသား ယောယကိမ်၊ တတိယသားဇေဒကိ၊ စတုတ္ထသား ရှလ္လုံ တည်း။
I Ch BurJudso 3:16  ယောယကိမ်သားကား ယေခေါနိနှင့် ဇေဒကိ တည်း။
I Ch BurJudso 3:17  အကျဉ်းခံရသော ယေခေါနိသားကား ရှာလ သေလ၊
I Ch BurJudso 3:18  မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိတည်း။
I Ch BurJudso 3:19  ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိ တည်း။ ဇေရုဗဗေလသားကား မေရှုလံ၊ ဟာနနိ၊ နှမ ရှေလောမိတ်နှင့်တကွ၊
I Ch BurJudso 3:20  ဟရှုဘ၊ ဩဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှဿေ သက်၊ ပေါင်းငါးယောက်တည်း။
I Ch BurJudso 3:21  ဟာနနိသားကား ပေလတိနှင့် ယေရှာယ တည်း။ ယေရှာယသားကား၊ ရေဖာယ။ ရေဖာယသား အာနန်၊ အာနန်သားဩဗဒိ၊ ဩဗဒိသားရှေခနိ၊
I Ch BurJudso 3:22  ရှေခနိသားရှေမာယတည်း။ ရှေမာယသားကား ဟတ္တုတ်၊ ဣဂါလ၊ ဗာရိ၊ နာရိ၊ အာဇရိ၊ ရှာဖတ်၊ ပေါင်း ခြောက်ယောက်တည်း။
I Ch BurJudso 3:23  နာရိသားကား ဧလိဩနဲ၊ ဟေဇကိ၊ အာဇရိကံ၊ ပေါင်းသုံးယောက်တည်း။
I Ch BurJudso 3:24  ဧလျောနဲသားကား ဟောဒါယ၊ ဧလျာရှိပ်၊ ပေလာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ၊ ပေါင်း ခုနစ်ယောက်တည်း။