Site uses cookies to provide basic functionality.

OK
I CHRONICLES
Prev Up Next
Chapter 25
I Ch BurJudso 25:1  ထိုမှတပါးအာသပ်၊ ဟေမန်၊ ယေဒုသုန်သား တို့နှင့်အတူ ဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဘို့၊ ဒါဝိဒ်နှင့်ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သော သူတို့စာရင်းဟူမူကား၊
I Ch BurJudso 25:2  အာသပ်သား ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလတစု၊ သူတို့သည်ရှင်ဘုရင်စီရင်သည်အတိုင်း၊ အဘအာသပ်၌ တပည့်ဖြစ်၍ ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။
I Ch BurJudso 25:3  ယေဒုသုန်သားဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိသိပေါင်းခြောက်ယောက်၊ သူတို့သည် အဘယေဒုသုန်၌ တပည့်ဖြစ်၍ ထာဝရဘုရား၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်းခြင်းငှါ စောင်းတီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။
I Ch BurJudso 25:4  ဟေမန်သားဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်တည်းဟူသော၊
I Ch BurJudso 25:5  ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရား သခင်၏ တရားတော်ကို ဟောပြောသောရှင်ဘုရင်၏ ဆရာတော်ဟေမန်သားဖြစ်ကြ၏။ ဘုရားသခင်သည် ဟေမန်အား သားတကျိပ်လေးယောက်နှင့် သမီးသုံး ယောက်တို့ကို ပေးတော်မူ၏။
I Ch BurJudso 25:6  ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။
I Ch BurJudso 25:7  ထိုသူတို့နှင့်တကွ ထာဝရဘုရား၏သီချင်းကို သင်၍ လေ့ကျက်သော ညီအစ်ကိုပေါင်းတားနှစ်ရာ ရှစ်ကျိပ်ရှစ်ယောက်တည်း။
I Ch BurJudso 25:8  ထိုသူတို့သည်အကြီးအငယ် ဆရာတပည့် ရောနှောလျက် စာရေးတံပြု၍ သင်းဖွဲ့ရာမှာ၊
I Ch BurJudso 25:9  ပဌမသူကား၊ အာသပ်အပေါင်းအသင်းဝင်သူ ယောသပ်တည်း။ ဒုတိယသူဂေဒလိ၊ သူနှင့်သူ၏သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:10  တတိယသူဇက္ကုရ၊သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:11  စတုတ္ထသူဣဇရိ၊သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:12  ပဉ္စမသူနေသနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:13  ဆဌမသူဗုက္ကိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:14  သတ္တမသူယေရှရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:15  အဋ္ဌမသူယေရှာယ၊ သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:16  နဝမသူမတ္တနိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:17  ဒသမသူရှိမိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:18  ဧကဒသမသူအာရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:19  ဒွါဒသမသူ ဟာရှဘိ၊ သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:20  တကျိပ်သုံးယောက်မြောက်သောသူ ရှေဗွေလ၊ သူနှင့် သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:21  တကျိပ်လေးယောက်မြောက်သော သူမတ္တိသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:22  တကျိပ်ငါးယောက်မြောက်သောသူ ယေရမုတ်၊ သူနှင့် သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။
I Ch BurJudso 25:23  တကျိပ်ခြောက်ယောက်မြောက်သောသူဟာ နနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။
I Ch BurJudso 25:24  တကျိပ်ခုနစ်ယောက်မြောက်သော သူယောရှ ဗေကရှ၊ သူနှင့် သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။
I Ch BurJudso 25:25  တကျိပ်ရှစ်ယောက်မြောက်သောသူ ဟာနန်၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:26  တကျိပ်ကိုးယောက်မြောက်သောသူမလ္လောသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:27  နှစ်ကျိပ်မြောက်သောသူဧလျာသာ၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:28  နှစ်ကျိပ်တယောက်မြောက်သောသူ ဟောသိရ၊ သူနှင့်သူ၏ သားညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:29  နှစ်ကျိပ်နှစ်ယောက်မြောက်သော သူဂိဒ္ဒါလတိ၊ သူနှင့်သူ၏သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။
I Ch BurJudso 25:30  နှစ်ကျိပ်သုံးယောက်မြောက်သောသူ မဟာဇ ယုတ်၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။
I Ch BurJudso 25:31  နှစ်ကျိပ်လေးယောက်မြောက်သောသူ ရောမန္တ ဇာ၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။