Site uses cookies to provide basic functionality.

OK
II JOHN
1
Chapter 1
II J BurCBCM 1:1  သမ္မာတရား၌ ငါချစ်ခင်ရသည့်၊ ရွေးကောက်ထားခြင်းခံရသောသခင်မနှင့် သူမ၏သားသမီး များထံသို့ သက်ကြီး ဝါကြီးဖြစ်သူထံမှ စာရေးလိုက်ပါ၏။ ငါတစ်ဦးတည်းသာမက သမ္မာတရားကိုသိကြသောသူ အပေါင်းတို့ သည် သင်တို့ကို ချစ်ခင်ကြပါ၏။-
II J BurCBCM 1:2  အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည် ငါတို့၌တည်နေပြီး ငါတို့နှင့်အစဉ်အမြဲရှိ မည်ဖြစ်သောကြောင့် တည်း။
II J BurCBCM 1:3  အဖခမည်းတော်ဘုရားထံတော်မှလည်းကောင်း၊ ခမည်းတော်၏သားတော်ဖြစ်သော ယေဇူးခရစ်တော် ထံမှလည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်းသာယာခြင်းတို့သည် သမ္မာတရားနှင့် ချစ်ခြင်း မေတ္တာတို့ကို အမှီပြုလျက် ငါတို့အပေါ်သို့သက်ရောက်ပါ စေသော်။
II J BurCBCM 1:4  ငါတို့အား အဖခမည်းတော်ဘုရားပညတ်ထား တော်မူခဲ့သည့်အတိုင်း သင်၏သားသမီးအချို့တို့သည် သမ္မာတရားတော်ကို လိုက်နာလျက်ရှိကြကြောင်း တွေ့ မြင်ရသဖြင့် ငါအလွန်ဝမ်းမြောက်ပါ၏။-
II J BurCBCM 1:5  သို့ဖြစ်၍ သခင်မ၊ ငါသည် ပညတ်အသစ်ကိုရေးသားခြင်းမဟုတ်ဘဲ အစဦးကပင် ငါတို့ရရှိခဲ့သည့် ပညတ်တော် ကို သင့်ထံသို့ ရေး သား၍ ငါတို့သည် အချင်းချင်းချစ်ခင်ကြရန် သင့်ကို တိုက်တွန်းနှိုးဆော်ပါ၏။-
II J BurCBCM 1:6  ချစ်ခြင်းမေတ္တာဆိုသည်မှာ ကိုယ်တော်၏ပညတ်တော်များကို လိုက်နာစောင့်ထိန်း ခြင်းပင်ဖြစ်၏။ ထိုပညတ် တော်သည်ကား သင်တို့သည် ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းကြလော့ဟူ၍ ဖြစ်၏။ ထို ပညတ်တော်ကို အစဦးက ပင် သင်တို့အားလုံးကြားနာခဲ့ ရလေပြီ။
II J BurCBCM 1:7  အကြောင်းမူကား လူ့ဇာတိအဖြစ်၌ ယေဇူးခရစ် တော်ကြွလာတော်မူသည်ကို အသိအမှတ်မပြုသည့် လှည့်ဖြားသူများစွာတို့သည် ကမ္ဘာလောကအတွင်းသို့ ရောက်ရှိနေကြလေပြီ။ ထိုသူသည် လိမ်လည်လှည့်ဖြား သူဖြစ်ပြီး ခရစ်တော်ကိုဆန့်ကျင်သူလည်းဖြစ်၏။-
II J BurCBCM 1:8  သင် တို့သည် မိမိတို့လုပ်ဆောင်ခဲ့သောအရာကို မဆုံးရှုံးစေ ဘဲ ဆုလာဘ်ကို အပြည့်အဝခံစားကြရစေခြင်းငှာ မိမိတို့ ကိုယ်ကို သတိနှင့်စောင့်ရှောက်ကြလော့။
II J BurCBCM 1:9  ခရစ်တော်၏သွန်သင်ချက်အတိုင်း မနေထိုင်ဘဲ ယင်းကိုလွန်၍ သွား သောသူ၌ ဘုရားသခင်ရှိတော်မမူ။ ခရစ်တော်၏သွန်သင်ချက်အတိုင်း နေထိုင်သောသူ၌ အဖခမည်းတော်နှင့်အတူ သားတော်လည်းရှိတော်မူ လေ၏။-
II J BurCBCM 1:10  တစ်စုံတစ်ယောက်သည် သင့်ထံသို့လာ၍ ဤ တရားတော်ကို သွန်သင်ခြင်းမပြုလျှင် သူ့ကို အိမ်တွင်း သို့ မဝင်စေကြနှင့်။ သူ့ကို နှုတ်လည်း မဆက်လေနှင့်။-
II J BurCBCM 1:11  အကြောင်းမူကား ထိုသူကို နှုတ်ဆက်သူသည် ထိုသူ၏ ဆိုးမိုက်ခြင်းအမှု၌ ပါဝင်သောကြောင့်ဖြစ်၏။
II J BurCBCM 1:12  ငါ၌ သင်တို့ထံသို့ ရေးစရာများစွာရှိသော်လည်း စာ ရွက်ပေါ်တွင် မှင်နှင့်ရေးခြင်းငှာ ငါအလိုမရှိ။ ငါသည် သင် တို့ထံသို့ အလည်အပတ်လာ၍ သင်တို့နှင့် တွေ့ဆုံပြော ဆိုရန် မျှော်လင့်ပါ၏။ သို့မှသာ ငါတို့၏ဝမ်းမြောက်ခြင်း သည် ပြည့်စုံပေလိမ့်မည်။
II J BurCBCM 1:13  ရွေးကောက်ထားခြင်းခံရသော သင့်ညီမ၏သား သမီးများက သင့်ကို နှုတ်ဆက်လိုက်ကြပါ၏။