II THESSALONIANS
Chapter 1
II T | BurCBCM | 1:1 | ပေါလု၊ ဆီဗားနုနှင့်တီမောသီဦးတို့က ငါတို့အဖဘုရားသခင်နှင့်ယေဇူးခရစ်တော်သခင်၌ တည်ရှိသော သက်ဆာလောနိကမြို့ သားတို့၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ | |
II T | BurCBCM | 1:2 | အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။ | |
II T | BurCBCM | 1:3 | ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်ချီးမွမ်းသင့်၏။ ဤသို့ပြု လုပ်ရန်လည်း သင့်လျော်ပေ၏။ အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းသည် ဆတက်ထမ်းပိုးကြီးမားလာ၍ သင်တို့အချင်းချင်းတစ်ဦး အပေါ်တစ်ဦးထားရှိသောချစ်ခြင်းမေတ္တာသည်လည်း တိုးပွားလျက်ရှိသောကြောင့်ဖြစ်၏။- | |
II T | BurCBCM | 1:4 | ထို့ကြောင့် သင်တို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခအပေါင်းတို့ကို ခံထမ်းနေရသည့်အထဲမှပင် တည်ကြည်ခိုင်မာ၍ ယုံကြည်ခြင်းရှိကြသောကြောင့် ငါတို့ကိုယ်တိုင် သင်တို့၏အကြောင်းကို ဘုရားသခင်၏ အသင်းတော်များတွင် ဂုဏ်ယူပြော ဆိုကြ၏။ | |
II T | BurCBCM | 1:5 | ဤသည်ကား ဘုရားသခင်၏ဖြောင့်မတ်သော တရားစီရင်ချက်ကိုထင်ရှားစေသောအချက်ပင်ဖြစ်၏။ သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံနေကြရသောကြောင့် ထိုနိုင်ငံတော်၌ ထိုက်တန် သောသူများဖြစ်လာကြ လိမ့်မည်။- | |
II T | BurCBCM | 1:6 | ဘုရားသခင်သည်လည်း သင်တို့အား ဆင်းရဲဒုက္ခရောက်စေသောသူတို့ကို တုံ့ပြန်ဒဏ်ခတ်တော်မူလိမ့်မည်။- | |
II T | BurCBCM | 1:7 | ယေဇူးသခင်သည် မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်တော်များနှင့်အတူ မီးလျှံများဖြင့် ကောင်းကင်မှဆင်းကြွလာ တော်မူသောအခါ ဘုရားသခင်သည် ယခုဆင်းရဲဒုက္ခခံစားနေရ သောသင်တို့နှင့်အတူ ငါတို့ကိုလည်း စိတ်သက်သာရာှရစေ တော်မူလိမ့်မည်။- | |
II T | BurCBCM | 1:8 | ထို့နောက် ဘုရားသခင်သည် မိမိကို အသိအမှတ်မပြုသောသူများနှင့် ငါတို့သခင်ယေဇူး ၏ဧဝံဂေလိတရားတော်ကို မနာခံသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။- | |
II T | BurCBCM | 1:9 | ထိုသူတို့သည် ထာ၀ရပျက်စီးဆုံးရှုံးခြင်းအပြစ်ဒဏ်ကိုခံကြရ၍ သခင်ဘုရား၏မျက်မှောက်တော်မှလည်းကောင်း၊ ကိုယ်တော်၏ကြီးမြတ်သော ဘုန်းတန်ခိုးတော်မှလည်းကောင်း ထုတ်ပယ်ခြင်းကို ခံကြရလိမ့်မည်။- | |
II T | BurCBCM | 1:10 | ထိုနေ့ရက်တွင် ကိုယ်တော်သည် မိမိ၏သူတော်သူမြတ်များအကြား၌ ဘုန်းဂုဏ်တော်ထင်ရှားစေရန်နှင့် မိမိကိုယုံကြည် သောသူအပေါင်း တို့၏အံ့ဩချီးမွမ်းခြင်းကိုခံယူရန် ကြွလာတော်မူသောအခါ သင်တို့သည်လည်း ချီးမွမ်းထောမနာပြုသောသူ များထဲတွင်ပါဝင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ငါတို့ဟောပြောသက်သေခံရာကို သင်တို့ ယုံကြည်ခဲ့ကြသော ကြောင့်ဖြစ်၏။ | |
II T | BurCBCM | 1:11 | ထို့ကြောင့် ဘုရားသခင်သည် သင်တို့ကို မိမိ၏ ခေါ်တော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေလျက် ကောင်းမြတ်သော ဆန္ဒရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင် သောအကျင့်တို့ကို မိမိ၏တန်ခိုးတော်အားဖြင့် ဖြည့် ဆည်းပေးတော်မူရန် သင်တို့အတွက် ငါတို့အစဉ်အမြဲ ဆုတောင်းပါ၏။- | |