II THESSALONIANS
Chapter 3
II T | BurCBCM | 3:1 | ညီအစ်ကိုတို့၊ နောက်ဆုံးမှာကြားလိုသည်မှာ သခင်ဘုရား၏နှုတ်တော်ထွက်စကားသည် သင်တို့၌ ဖြစ်တော်မူခဲ့သကဲ့သို့ အရပ်ရပ်တို့တွင်လည်း လျင်မြန်စွာပျံ့နှံ့၍ ချီးမွမ်းထောမနာပြုခြင်းခံရရန်နှင့်၊- | |
II T | BurCBCM | 3:2 | ငါတို့သည် ဆိုးညစ်ယုတ်မာသောသူတို့၏လက်မှလွတ်မြောက်စေရန် ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်း မူကား လူတိုင်း၌ ယုံကြည်ခြင်းရှိကြသည် မဟုတ်သောကြောင့်တည်း။- | |
II T | BurCBCM | 3:3 | သို့သော် သခင်ဘုရားသည် သစ္စာတည်တော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ခွန်အားဖြည့်တင်းပေး၍ မကောင်းသော သူထံမှ ကာကွယ်တော်မူလိမ့်မည်။- | |
II T | BurCBCM | 3:4 | သင်တို့သည် ငါတို့မိန့်မှာသမျှကို လိုက်နာဆောင်ရွက်လျက်ရှိကြပြီး ဆက်လက်၍လည်း ဆောင်ရွက်ကြလိမ့်မည် ဖြစ်ကြောင်း ငါတို့သည် သခင်ဘုရား၌ ယုံကြည်စိတ်ချထားကြ၏။- | |
II T | BurCBCM | 3:5 | သခင်ဘုရား သည် သင်တို့၏စိတ်နှလုံးများကို ဘုရားသခင်အား ချစ် မြတ်နိုးစေရန်နှင့် ခရစ်တော်၌တည်ကြည်ခိုင်မာစေရန် လမ်းညွှန်ပေးတော်မူပါစေ။ | |
II T | BurCBCM | 3:6 | ညီအစ်ကိုတို့၊ ပျင်းရိစွာနေထိုင်ကြသောသူများနှင့် ငါတို့ထံမှ သင်တို့ရရှိခဲ့သောထုံးတမ်းစဉ်လာအတိုင်း မလိုက်နာသော ညီအစ်ကိုတို့ထံမှ ရှောင်ရှားကြရန် ငါတို့၏သခင် ယေဇူးခရစ်တော်၏နာမတော်၌ သင်တို့ကို ငါတို့အမိန့်ပေး၏။- | |
II T | BurCBCM | 3:7 | အကြောင်းမူကား သင်တို့သည် ငါတို့ကို မည်ကဲ့သို့အတုယူရမည့်အကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့နှင့်အတူရှိခဲ့စဉ်က ပျင်း ရိခြင်းမရှိခဲ့ကြ။- | |
II T | BurCBCM | 3:8 | ငါတို့သည် အဖိုးအခမပေးဘဲ မည်သူ့ထံကမျှ အစာကိုယူမစားခဲ့ကြ။ ငါတို့သည် သင်တို့တွင် တစ်ဦးတစ်ယောက်အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသောကြောင့် နေ့ရောညပါပင်ပန်းစွာကြိုးစား၍ လုပ်ကိုင်ခဲ့ကြ၏။- | |
II T | BurCBCM | 3:9 | ငါတို့ဤကဲ့သို့ပြုလုပ်ခဲ့ခြင်းမှာ ငါတို့၌ ခံစားပိုင်ခွင့် မရှိသောကြောင့်မဟုတ်ဘဲ သင်တို့အတုယူနိုင်ရန် ငါတို့ ၏အပြုအမူဖြင့် စံနမူနာပေးလိုသောကြောင့်ဖြစ်၏။- | |
II T | BurCBCM | 3:10 | အကြောင်းမူကား ငါတို့သည် သင်တို့နှင့်အတူရှိခဲ့ကြစဉ်က အလုပ်မလုပ်လိုသောသူသည် အစာမစားစေနှင့် ဟူသော သွန်သင်ချက်ကို သင်တို့အား ပေးထားခဲ့၏။- | |
II T | BurCBCM | 3:11 | အဘယ်ကြောင့်ဆိုသော် သင်တို့တွင်အချို့သောသူတို့သည် ပျင်းရိစွာနေထိုင်၍ အလုပ်မလုပ်ဘဲ သူတစ်ပါး၏ကိစ္စများ တွင်သာ ဝင်ရောက်စွက်ဖက်နေကြကြောင်းကို ငါတို့ကြားသိရ၏။- | |
II T | BurCBCM | 3:12 | ထိုသူတို့သည် မိမိတို့၏အလုပ်ကို တိတ်ဆိတ်စွာ လုပ်ကိုင်လျက် မိမိတို့၏ဝမ်းစာကိုရှာဖွေ စားသောက်ကြရန် ယေဇူးခရစ်တော်သခင်၌ ငါတို့သတိ ပေးနှိုးဆော်ပါ၏။- | |
II T | BurCBCM | 3:14 | အကယ်၍ တစ်စုံတစ်ယောက်သည် ဤစာတွင် ငါတို့သွန်သင်ထားသောအချက်များကိုလိုက်နာရန် ငြင်းဆန်ပါလျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်သားပြီးလျှင် သူနှင့်အပေါင်းအဖော်မပြုဘဲနေကြလော့။- | |
II T | BurCBCM | 3:15 | သို့ရာ တွင် သူ့ကို ရန်သူကဲ့သို့သဘောမထားဘဲ ညီအစ်ကို တစ်ဦးကဲ့သို့ သတိပေးဆုံးမကြလော့။ | |
II T | BurCBCM | 3:16 | ငြိမ်းချမ်းသာယာခြင်း၏အရှင် သခင်ဘုရားသည် ကိုယ်တော်တိုင်နည်းအမျိုးမျိုးဖြင့် သင်တို့အား ငြိမ်းချမ်းသာယာခြင်းကို အစဉ်အမြဲပေးသနားတော်မူပါစေ။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူရှိပါစေ။ | |
II T | BurCBCM | 3:17 | ငါပေါလုသည် ဤနှုတ်ဆက်စကားကို ငါ၏လက်ဖြင့်ရေးလိုက်ပါ၏။ ဤသည်ကား ငါရေးသမျှသောစာတို့တွင်ပါသည့် အမှတ်လက္ခဏာဖြစ်၏။ ဤကဲ့သို့ပင် ငါရေးလေ့ရှိ၏။- | |