Site uses cookies to provide basic functionality.

OK
II THESSALONIANS
1 2 3
Prev Up Next Toggle notes
Chapter 3
II T BurCBCM 3:1  ညီအစ်ကိုတို့၊ နောက်ဆုံးမှာကြားလိုသည်မှာ သခင်ဘုရား၏နှုတ်တော်ထွက်စကားသည် သင်တို့၌ ဖြစ်တော်မူခဲ့သကဲ့သို့ အရပ်ရပ်တို့တွင်လည်း လျင်မြန်စွာပျံ့နှံ့၍ ချီးမွမ်းထောမနာပြုခြင်းခံရရန်နှင့်၊-
II T BurCBCM 3:2  ငါတို့သည် ဆိုးညစ်ယုတ်မာသောသူတို့၏လက်မှလွတ်မြောက်စေရန် ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်း မူကား လူတိုင်း၌ ယုံကြည်ခြင်းရှိကြသည် မဟုတ်သောကြောင့်တည်း။-
II T BurCBCM 3:3  သို့သော် သခင်ဘုရားသည် သစ္စာတည်တော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ခွန်အားဖြည့်တင်းပေး၍ မကောင်းသော သူထံမှ ကာကွယ်တော်မူလိမ့်မည်။-
II T BurCBCM 3:4  သင်တို့သည် ငါတို့မိန့်မှာသမျှကို လိုက်နာဆောင်ရွက်လျက်ရှိကြပြီး ဆက်လက်၍လည်း ဆောင်ရွက်ကြလိမ့်မည် ဖြစ်ကြောင်း ငါတို့သည် သခင်ဘုရား၌ ယုံကြည်စိတ်ချထားကြ၏။-
II T BurCBCM 3:5  သခင်ဘုရား သည် သင်တို့၏စိတ်နှလုံးများကို ဘုရားသခင်အား ချစ် မြတ်နိုးစေရန်နှင့် ခရစ်တော်၌တည်ကြည်ခိုင်မာစေရန် လမ်းညွှန်ပေးတော်မူပါစေ။
II T BurCBCM 3:6  ညီအစ်ကိုတို့၊ ပျင်းရိစွာနေထိုင်ကြသောသူများနှင့် ငါတို့ထံမှ သင်တို့ရရှိခဲ့သောထုံးတမ်းစဉ်လာအတိုင်း မလိုက်နာသော ညီအစ်ကိုတို့ထံမှ ရှောင်ရှားကြရန် ငါတို့၏သခင် ယေဇူးခရစ်တော်၏နာမတော်၌ သင်တို့ကို ငါတို့အမိန့်ပေး၏။-
II T BurCBCM 3:7  အကြောင်းမူကား သင်တို့သည် ငါတို့ကို မည်ကဲ့သို့အတုယူရမည့်အကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့နှင့်အတူရှိခဲ့စဉ်က ပျင်း ရိခြင်းမရှိခဲ့ကြ။-
II T BurCBCM 3:8  ငါတို့သည် အဖိုးအခမပေးဘဲ မည်သူ့ထံကမျှ အစာကိုယူမစားခဲ့ကြ။ ငါတို့သည် သင်တို့တွင် တစ်ဦးတစ်ယောက်အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသောကြောင့် နေ့ရောညပါပင်ပန်းစွာကြိုးစား၍ လုပ်ကိုင်ခဲ့ကြ၏။-
II T BurCBCM 3:9  ငါတို့ဤကဲ့သို့ပြုလုပ်ခဲ့ခြင်းမှာ ငါတို့၌ ခံစားပိုင်ခွင့် မရှိသောကြောင့်မဟုတ်ဘဲ သင်တို့အတုယူနိုင်ရန် ငါတို့ ၏အပြုအမူဖြင့် စံနမူနာပေးလိုသောကြောင့်ဖြစ်၏။-
II T BurCBCM 3:10  အကြောင်းမူကား ငါတို့သည် သင်တို့နှင့်အတူရှိခဲ့ကြစဉ်က အလုပ်မလုပ်လိုသောသူသည် အစာမစားစေနှင့် ဟူသော သွန်သင်ချက်ကို သင်တို့အား ပေးထားခဲ့၏။-
II T BurCBCM 3:11  အဘယ်ကြောင့်ဆိုသော် သင်တို့တွင်အချို့သောသူတို့သည် ပျင်းရိစွာနေထိုင်၍ အလုပ်မလုပ်ဘဲ သူတစ်ပါး၏ကိစ္စများ တွင်သာ ဝင်ရောက်စွက်ဖက်နေကြကြောင်းကို ငါတို့ကြားသိရ၏။-
II T BurCBCM 3:12  ထိုသူတို့သည် မိမိတို့၏အလုပ်ကို တိတ်ဆိတ်စွာ လုပ်ကိုင်လျက် မိမိတို့၏ဝမ်းစာကိုရှာဖွေ စားသောက်ကြရန် ယေဇူးခရစ်တော်သခင်၌ ငါတို့သတိ ပေးနှိုးဆော်ပါ၏။-
II T BurCBCM 3:13  ညီအစ်ကိုတို့၊ ကောင်းသောအမှုကို ပြုလုပ်ရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိကြနှင့်။
II T BurCBCM 3:14  အကယ်၍ တစ်စုံတစ်ယောက်သည် ဤစာတွင် ငါတို့သွန်သင်ထားသောအချက်များကိုလိုက်နာရန် ငြင်းဆန်ပါလျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်သားပြီးလျှင် သူနှင့်အပေါင်းအဖော်မပြုဘဲနေကြလော့။-
II T BurCBCM 3:15  သို့ရာ တွင် သူ့ကို ရန်သူကဲ့သို့သဘောမထားဘဲ ညီအစ်ကို တစ်ဦးကဲ့သို့ သတိပေးဆုံးမကြလော့။
II T BurCBCM 3:16  ငြိမ်းချမ်းသာယာခြင်း၏အရှင် သခင်ဘုရားသည် ကိုယ်တော်တိုင်နည်းအမျိုးမျိုးဖြင့် သင်တို့အား ငြိမ်းချမ်းသာယာခြင်းကို အစဉ်အမြဲပေးသနားတော်မူပါစေ။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူရှိပါစေ။
II T BurCBCM 3:17  ငါပေါလုသည် ဤနှုတ်ဆက်စကားကို ငါ၏လက်ဖြင့်ရေးလိုက်ပါ၏။ ဤသည်ကား ငါရေးသမျှသောစာတို့တွင်ပါသည့် အမှတ်လက္ခဏာဖြစ်၏။ ဤကဲ့သို့ပင် ငါရေးလေ့ရှိ၏။-
II T BurCBCM 3:18  ငါတို့၏သခင်ယေဇူးခရစ်တော်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော်။