Site uses cookies to provide basic functionality.

OK
ESTHER
1 2 3 4 5 6 7 8 9 10
Prev Up Next
Chapter 5
Esth BurJudso 5:1  သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မှတဘက်တချက်၊ နန်းတော်အတွင်းတန်တိုင်း ထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါးတဘက် တချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။
Esth BurJudso 5:2  မိဖုရား ဧသတာသည် တန်တိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်း တော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံ တော်အထွဋ်ကို တို့လေ၏။
Esth BurJudso 5:3  ရှင်ဘုရင်ကလည်း၊ မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင် သနည်း။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊
Esth BurJudso 5:4  ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ကြွတော်မူပါဟု လျှောက်သော်၊
Esth BurJudso 5:5  ရှင်ဘုရင်က၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှါ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့်၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့် တကွ ရှင်ဘုရင်ကြွတော်မူ၏။
Esth BurJudso 5:6  တဖန်စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ်ဆိုကို တောင်းချင်သနည်း။ တောင်းသမျှကိုနိုင်ငံတော်တဝက်တိုင်အောင် ငါပေးမည် ဟု ဧသတာအားမိန့်တော်မူလျှင်၊
Esth BurJudso 5:7  ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မ တောင်းချင်သော ဆုဟူမူကား၊
Esth BurJudso 5:8  ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့ တော်မူလျှင်၎င်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော် မတောင်းချင်သောဆုကို ပေးသနားခြင်းငှါ အရှင်မင်းကြီး အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင်သော ပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက်လေ၏။
Esth BurJudso 5:9  ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်း သော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝ မှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေ သည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက် ထွက်လေ၏။
Esth BurJudso 5:10  သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊
Esth BurJudso 5:11  မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများ ကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
Esth BurJudso 5:12  မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူမဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကို ဘိတ်ပြန်၏။
Esth BurJudso 5:13  သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော် တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလ ပတ်လုံး၊ ယခုဘော်ပြသမျှတို့သည် ငါ၌ ကျေးဇူးမရှိဟု ဆို၏။
Esth BurJudso 5:14  ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်း ရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချစေ မည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက် မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲ ချတိုင်ကို လုပ်စေ၏။