Site uses cookies to provide basic functionality.

OK
HOSEA
1 2 3 4 5 6 7 8 9 10 11 12 13 14
Prev Up Next Toggle notes
Chapter 11
Hose BurJudso 11:1  ဣသရေလသည် အသက်ငယ်သောအခါ ငါ သည် ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ။
Hose BurJudso 11:2  သူတို့ကို ခေါ်သော သူတို့ထံမှ ထွက်သွားကြ၏။ ဗာလဘုရားတို့အား ယဇ်ပူဇော်၍ ရုပ်တုဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ကြ၏။
Hose BurJudso 11:3  ငါသည် သွားတတ်သော အတတ်ကို ဧဖရိမ် အား လက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မသိဘဲ နေ၏။
Hose BurJudso 11:4  လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာ ကြိုးနှင့် ငါဆွဲငင်၏။ ပါးရိုးအနားသို့ ထမ်းဘိုးကို ရွှေ့၍ ဖြည်းညှင်းစွာ ကျွေး၏။
Hose BurJudso 11:5  အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့်၊ အဲဂုတ္တုပြည်သို့ ပြန်၍မသွားရ။ အာရှုရိ မင်းသည် သူတို့ကို အုပ်စိုးရလိမ့်မည်။
Hose BurJudso 11:6  ထားဘေးသည် သူ့နေရာမြို့တို့ အပေါ်သို့ ရောက်၍ မင်းတို့ကို ဖျက်ဆီးလိမ့်မည်။ သူတို့ ကြံစည်ခြင်း အားဖြင့်ပင် သုတ်သင်ပယ်ရှင်းလိမ့်မည်။
Hose BurJudso 11:7  ငါ၏လူတို့သည် ငါ့ထံမှ လွှဲမြဲလွှဲကြ၏။ အမြင့် ဆုံးသော ဘုရားထံသို့ ခေါ်သော်လည်း၊ ထိုဘုရားကို အဘယ်သူမျှ မချီးမြှောက်လို။
Hose BurJudso 11:8  အိုဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင် မည်နည်း။ အိုဣသရေလ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင် မည်နည်း။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ ခန့်ထားနိုင် မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန် ကြင်နာ သော စိတ်ရှိ၏။
Hose BurJudso 11:9  ပြင်းစွာ အမျက်ထွက်သည်အတိုင်း မပြုလို။ ဧဖရိမ်ကို အထပ်ထပ်မဖျက်ဆီးလို။ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ မြို့ထဲမှာနေသော မြို့သားမဟုတ် သော်လည်း၊ သင်တို့တွင်နေ၍ သန့်ရှင်းသော ဘုရား ဖြစ်၏။
Hose BurJudso 11:10  သူတို့သည် ထာဝရဘုရား၏နောက်တော်သို့ လိုက်ကြလိမ့်မည်။ ခြင်္သေ့ကဲ့သို့ ဟောက်တော်မူမည်။ ဟောက်တော်မူသောအခါ သားသမီးတို့သည် အနောက် မျက်နှာမှအလျင်အမြန် ပြေးကြလိမ့်မည်။
Hose BurJudso 11:11  စာငှက်ကဲ့သို့ အဲဂုတ္တုပြည်မှ၎င်း၊ ချိုးကဲ့သို့ အာရှု ရိပြည်မှ၎င်း အလျင်အမြန်ပြေးကြ၍၊ သူတို့ကို နေရင်း အရပ်၌ ငါနေရာချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Hose BurJudso 11:12  ဧဖရိမ်သည် မုသာစကားနှင့်၎င်း၊ ဣသရေလ သည် လှည့်စားခြင်းနှင့်၎င်း ငါ့ကို နှောင့်ရှက်တတ်၏။ ယုဒသည်လည်း ဘုရားသခင့်ထံ၊ သန့်ရှင်း၍ သစ္စာစောင့် တော်မူသော ဘုရားသခင့်ထံမှ လွှဲ၍ လှည့်လည်တတ်၏။