I THESSALONIANS
Chapter 1
I Th | BurCBCM | 1:1 | ပေါလု၊ ဆီဗားနုနှင့် တီမောသီဦးတို့က အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်၌ တည်ရှိနေသော သက်ဆာလောနိက မြို့သားတို့၏ အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။ | |
I Th | BurCBCM | 1:2 | ငါတို့သည် သင်တို့အားလုံးအတွက် အဖဘုရားသခင်ကို အစဉ်ကျေးဇူးတင်လျက် ငါတို့၏ ဆုတောင်းပတ္ထနာများ၌လည်း သင်တို့ကို သတိရအောက်မေ့ကြပါ၏။- | |
I Th | BurCBCM | 1:3 | ငါတို့သည် အဖဘုရားသခင်၏ ရှေ့တော်မှောက်၌ သင်တို့၏ယုံကြည်သောစိတ်နှင့် ကျင့်ကြံလုပ်ဆောင်မှုများ၊ ကရုဏာမေတ္တာလုပ်ငန်းများနှင့် ငါတို့၏သခင် ယေဇူးခရစ်တော်၌ တည်ကြည်ခိုင်မာစွာ မျှော်လင့်ခြင်းတို့ကို အစဉ်သတိရ ကြပါ၏။- | |
I Th | BurCBCM | 1:4 | ဘုရားသခင် ချစ်မြတ်နိုးတော်မူသော ညီအစ်ကိုတို့၊ ကိုယ်တော်သည် သင်တို့ကို ရွေးကောက်တော်မူသည်ကို ငါတို့သိကြ၏။- | |
I Th | BurCBCM | 1:5 | အဘယ်ကြောင့်ဆိုသော် ငါတို့၏ဧဝံဂေလိတရားတော်သည် စကားအရာဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်၌လည်းကောင်း၊ ဝိညာဉ်တော်မြတ်၌လည်းကောင်း ကြီးမားသောအကျိုးသက်ရောက်မှုဖြင့် သင်တို့ထံသို့ ရောက်လာသောကြောင့်ဖြစ်၏။ ငါတို့သည် သင်တို့အလယ်၌ သင်တို့၏အကျိုးအတွက် မည်ကဲ့သို့ပြုမူကျင့်ကြံခဲ့ကြ သည်ကို သင်တို့သိကြ၏။ | |
I Th | BurCBCM | 1:6 | သင်တို့သည်လည်း ငါတို့နှင့်သခင်ဘုရားကို အတုယူခဲ့ကြသောသူများဖြစ်ကြ၏။ အကြောင်းမူကား သင်တို့၌ ဆင်းရဲဒုက္ခများစွာရှိသော်လည်း သင်တို့သည် နှုတ်တော်ထွက်စကားကို ဝိညာဉ်တော်မြတ်က လှုံ့ဆော်ပေးတော်မူသော ဝမ်းမြောက်စိတ်ဖြင့် ခံယူခဲ့ကြ၏။- | |
I Th | BurCBCM | 1:7 | ဤသို့ဖြင့် သင်တို့သည် မာစီဒိုးနိယပြည်နှင့် အာခါယာပြည်တို့၌ရှိသော ယုံကြည်သူအပေါင်းတို့အတွက် စံနမူနာဖြစ် ခဲ့ကြ၏။- | |
I Th | BurCBCM | 1:8 | အကြောင်းမူကား ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် သင်တို့ထံမှနေ၍ မာစီဒိုးနိယပြည်နှင့် အာခါယာပြည်တို့တွင် ပဲ့တင်ထပ်သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်သတင်းသည် အရပ်ရပ်သို့ပျံ့နှံ့သွားသဖြင့် ငါတို့ပြောစရာပင် မလိုအပ်တော့ပေ။- | |
I Th | BurCBCM | 1:9 | အကြောင်းမူကား ငါတို့သည် သင်တို့အလယ်၌ရှိခဲ့ကြစဉ် ငါတို့အား သင်တို့မည်ကဲ့သို့ လက်ခံကြိုဆိုခဲ့ကြသည်ကို လည်းကောင်း၊ သင်တို့သည် ရုပ်တုများကိုစွန့်ပြီး အသက်ရှင်၍ စစ်မှန်သောဘုရားသခင်ကို အစေခံရန်နှင့်၊- | |
I Th | BurCBCM | 1:10 | ကောင်းကင်ဘုံ၌ရှိသော ကိုယ်တော်၏သားတော် ကြွလာတော်မူမည်ကိုစောင့်မျှော်ရန် ကိုယ်တော့်ထံပါးသို့ ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင် ငါတို့အား ပြောကြားကြ၏။ ထိုသားတော်သည်ကား သေသူတို့အစုမှ ဘုရားသခင်ထမြောက်စေတော်မူသော ယေဇူးပင်ဖြစ်သတည်း။ ထိုသခင်သည် ကျရောက်လတ္တံ့သောအမျက်တော်မှ ငါတို့ကို ကယ်တင်တော်မူခဲ့၏။ | |