Site uses cookies to provide basic functionality.

OK
I THESSALONIANS
1 2 3 4 5
Prev Up Next Toggle notes
Chapter 5
I Th BurCBCM 5:1  ညီအစ်ကိုတို့၊ ဤအမှုအရာများဖြစ်ပျက်မည့် အချိန်ကာလတို့နှင့် ပတ်သက်၍မူကား သင်တို့ထံ စာရေးရန်မလိုအပ်ပေ။-
I Th BurCBCM 5:2  အကြောင်းမူကား သခင်ဘုရား၏နေ့ရက်သည် ညအချိန်သူခိုးလာသကဲ့သို့ ကျရောက်လာမည်ဖြစ်ကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။-
I Th BurCBCM 5:3  ငြိမ်းချမ်းသာယာခြင်းနှင့် လုံခြုံမှုရှိသည်ဟု လူတို့ပြောဆိုကြသောအခါတွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်း ဝေဒနာရုတ်တရက်သက်ရောက်သကဲ့သို့ ပျက်စီးခြင်းသည်လည်း ရုတ်တရက် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။ ထိုအခါ လွတ်မြောက်ရာလမ်းရှိလိမ့်မည်မဟုတ်။-
I Th BurCBCM 5:4  သို့ရာတွင် ညီအစ်ကိုတို့၊ သင်တို့သည် မှောင်မိုက်ထဲတွင်နေသောသူများ မဟုတ်သောကြောင့် ထိုနေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာသည်ကို သင်တို့အံ့ဩကြရလိမ့်မည်မဟုတ်။-
I Th BurCBCM 5:5  အကြောင်းမူကား သင်တို့အားလုံးသည် အလင်း၏သားသမီးများနှင့် နေ့အချိန်၏ သားသမီးများဖြစ်ကြ၏။ ငါတို့သည် ညအချိန်နှင့် မှောင်မိုက်ခြင်း၏သားသမီးများ မဟုတ်ကြချေ။-
I Th BurCBCM 5:6  သို့ဖြစ်၍ ငါတို့သည် အခြားသူများကဲ့သို့ အိပ်ပျော်၍မနေသင့်ပေ။ ငါတို့သည် နိုးကြားနေကြလျက် အေးဆေးတည်ငြိမ်စွာ ရှိကြရမည်။-
I Th BurCBCM 5:7  အကြောင်းမူကား အိပ်ပျော်သောသူတို့သည် ညအချိန်၌ အိပ်ပျော်ကြ၏။ သောက်စားမူးယစ်သော သူတို့သည်လည်း ညအချိန်၌ သောက်စားမူးယစ်ကြ၏။-
I Th BurCBCM 5:8  သို့သော် ငါတို့သည် နေ့အချိန်နှင့် သက်ဆိုင်သောသူများ ဖြစ်ကြသောကြောင့် အေးဆေးတည်ငြိမ်စွာရှိကြလော့။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်ကြလျက် ကယ်တင်ခြင်း၌ မျှော်လင့်ခြင်းကို သံခမောက်ကဲ့သို့ ဆောင်းကြစို့။-
I Th BurCBCM 5:9  ဘုရားသခင်သည် ငါတို့ကို အမျက်တော်သင့်စေရန် ရည်မှန်းထားတော်မူသည်မဟုတ်ဘဲ ငါတို့၏သခင် ယေဇူး ခရစ်တော်အားဖြင့် ကယ်တင်ခြင်းခံရစေရန် ရည်မှန်းထားတော်မူ၏။-
I Th BurCBCM 5:10  ငါတို့သည် အသက်ရှင်လျက်ရှိသည်ဖြစ်စေ၊ သေလွန်လျက်ရှိသည်ဖြစ်စေ ကိုယ်တော်နှင့်အတူ အသက်ရှင်ခွင့်ကို ရရှိနိုင်ကြရန် ကိုယ်တော်သည် ငါတို့အတွက် အသေခံတော်မူခဲ့၏။-
I Th BurCBCM 5:11  ထို့ကြောင့် သင်တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး အားပေးကူညီ၍ ယခုသင်တို့ ပြုလုပ်နေကြသကဲ့သို့ တစ်ဦးကိုတစ်ဦး ပျိုးထောင်ပေးကြလော့။
I Th BurCBCM 5:12  ညီအစ်ကိုတို့၊ သင်တို့အလယ်တွင် အမှုတော်ထမ်း၍ သခင်ဘုရား၌ သင်တို့ကိုဦးဆောင်လျက် ဆုံးမသွန်သင်သော သူတို့အား ကြည်ညိုလေးစားကြရန် ငါတို့တောင်းဆိုပါ၏။-
I Th BurCBCM 5:13  သူတို့ထမ်းဆောင်ခဲ့သော အမှုတော်ကြောင့် သူတို့ကို အလွန်လေးစားရိုသေ၍ ချစ်ခင်ကြပါလော့။ သင်တို့အချင်းချင်း သင့်မြတ်ကြလျက် ငြိမ်းချမ်းစွာ နေထိုင်ကြလော့။-
I Th BurCBCM 5:14  ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား ပျင်းရိသောသူတို့ကို ဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို အားပေးနှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ကူညီကြလော့။ ထိုသူအားလုံးတို့အပေါ် စိတ်ရှည်သည်းခံကြလော့။-
I Th BurCBCM 5:15  သင်တို့တွင် မည်သူမျှ ရန်ကိုရန်ချင်း မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအပေါ်တွင်လည်းကောင်း၊ အားလုံးအပေါ်တွင်လည်းကောင်း အစဉ်ကောင်းကျိုးပြုကြလော့။-
I Th BurCBCM 5:16  အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလော့။-
I Th BurCBCM 5:17  ဆုတောင်းပတ္ထနာပြုခြင်းကို အဆက်မပြတ်ပြုလုပ်ကြလော့။-
I Th BurCBCM 5:18  အခြေအနေအမျိုးမျိုး၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ဘုရားသခင်သည် ခရစ်တော်ယေဇူး၌ ရှိသော သင်တို့အား ဤသို့ပြုလုပ်စေခြင်းငှာ အလိုရှိတော်မူ၏။-
I Th BurCBCM 5:19  ဝိညာဉ်တော်ကို မတားဆီးကြ နှင့်။-
I Th BurCBCM 5:20  ပရောဖက်ဉာဏ်ဖြင့်ဟောပြောချက်များကို မလေးမစားမပြုကြနှင့်။-
I Th BurCBCM 5:21  အရာရာတိုင်းကို လေ့လာစမ်းသပ်၍ ကောင်းသောအရာကို အခိုင်အမာဆုပ်ကိုင်ထားကြလော့။-
I Th BurCBCM 5:22  မကောင်းသောအရာဟူသမျှကို ရှောင်ရှားကြလော့။
I Th BurCBCM 5:23  ငြိမ်းချမ်းသာယာခြင်း၏အရှင် ဘုရားသခင်သည် ကိုယ်တော်တိုင် သင်တို့ကို အပြည့်အဝ သန့်ရှင်းမြင့်မြတ်စေရန် ပြုလုပ်တော်မူပါစေ။ ငါတို့၏သခင် ယေဇူးခရစ်တော် ကြွလာတော်မူသောအခါ သင်တို့၏စိတ်နှလုံး၊ ဝိညာဉ်နှင့်ကိုယ်ခန္ဓာ တို့သည် တည်ကြည်ခိုင်မာ၍ အပြစ်တင်ခြင်းမှ ကင်းလွတ်ရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံရပါစေ။-
I Th BurCBCM 5:24  သင်တို့ကို ခေါ်တော်မူသောသခင်သည် သစ္စာတည်တော်မူသောကြောင့် ဤသို့ပြုလုပ်တော်မူလိမ့်မည်။
I Th BurCBCM 5:25  ညီအစ်ကိုတို့၊ ငါတို့အတွက် ဆုတောင်းပေးကြပါလော့။
I Th BurCBCM 5:26  ညီအစ်ကိုအားလုံးတို့ကို သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။-
I Th BurCBCM 5:27  ဤစာကိုလည်း ညီအစ်ကိုအားလုံးတို့အား ဖတ်ပြရန် သခင်ဘုရားအားဖြင့် သင်တို့ကို ညွှန်ကြားလိုက်၏။
I Th BurCBCM 5:28  ငါတို့သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော်။