EZRA
Chapter 5
Ezra | BurJudso | 5:1 | ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရော ဖက် ဇာခရိလူတို့ သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ၏။ | |
Ezra | BurJudso | 5:2 | ထိုဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်း သဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဗဒက် သား ယောရှုသည်ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏ | |
Ezra | BurJudso | 5:3 | ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်တို့သည် လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင် ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ၍၎င်း၊ | |
Ezra | BurJudso | 5:5 | ဒါရိမင်း အမိန့်တော်မရောက်မှီတိုင် အလုပ် အကိုင် မပြတ်စေခြင်းငှါ၊ ဘုရားသခင်သည် ယုဒ အမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာကိုပေးလိုက်ကြ၏။ | |
Ezra | BurJudso | 5:7 | မြစ်အနောက်ဘက်၌နေသော အဖာသသက် လူတို့သည်၊ ဒါရိမင်းကြီးထံသို့ပေးလိုက်သော စာချက်ဟူ မူကာ၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော။ | |
Ezra | BurJudso | 5:8 | ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သော ဘုရားသခင်၏ အိမ်တော်သို့ရောက်၍၊ ထိုအရပ်သား တို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင် အမြန် လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ် တော်မူပါ။ | |
Ezra | BurJudso | 5:9 | ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍၎င်း၊ | |
Ezra | BurJudso | 5:10 | သူကြီးတို့၏ အမည်များကို စာရင်းယူ၍ အထံ တော်သို့ပေးလိုက်ခြင်းငှါ၊ သူကြီးတို့၏အမည်များကို၎င်း၊ အသက်ကြီးသူတို့၌မေးမြန်းသော အခါ။ | |
Ezra | BurJudso | 5:11 | သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီး အရှင် ဘုရားသခင်၏ ကျွန်တော်ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူ သော အိမ်တော်ကို ယခုပြုပြင်ကြ၏။ | |
Ezra | BurJudso | 5:12 | ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်၏ အမျက်တော်ကိုနှိုးဆော်သောကြောင့်၊ သူတို့ကိုခါလဒဲမင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ် တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်း သွား၏။ | |
Ezra | BurJudso | 5:13 | ဗာဗုလုန်ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ၏။ | |
Ezra | BurJudso | 5:14 | နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန် တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗု လုန်မြို့၏ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည် နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက်၊ | |
Ezra | BurJudso | 5:15 | ဤတန်ဆာတို့ကိုယူ၍ ယေရုရှလင်မြို့၏ ဗိမာန် တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏ အိမ်တော် ကိုမိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊ | |
Ezra | BurJudso | 5:16 | ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စ မသတ်သေးဟု ပြန်ပြောကြ၏။ | |
Ezra | BurJudso | 5:17 | သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော် ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာ တော်တိုက်၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင်၊ ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။ | |