I PETER
Chapter 5
I Pe | BurCBCM | 5:1 | ငါသည် လုပ်ဖော်ကိုင်ဖက်အကြီးအကဲတစ်ဦး အနေဖြင့်လည်းကောင်း၊ ခရစ်တော်၏ဒုက္ခဝေဒနာခံခြင်းတို့ကို သက်သေခံသူ တစ်ဦးအနေဖြင့် လည်းကောင်း၊ ထင်ရှားတော်မူမည့် ဘုန်းဂုဏ်တော်၌ ပါဝင်ခံစားရမည့်သူတစ်ဦးအနေဖြင့်လည်းကောင်း သင် တို့ထဲမှအကြီးအကဲခေါင်းဆောင်များကို တိုက်တွန်းနှိုး ဆော်လိုက်ပါ၏။- | |
I Pe | BurCBCM | 5:2 | သင်တို့အား အပ်ထားသော ဘုရား သခင်၏သိုးစုကို ထိန်းသိမ်းစောင့်ရှောက်ကြလော့။ ထို သို့လုပ်ဆောင်ရာတွင်လည်း ဝတ္တရားအရပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်ရ သကဲ့သို့ ဝမ်းမြောက်စွာလုပ်ဆောင်ကြလော့။ မသန့်ရှင်းသောငွေကြေးအတွက်ဟူ၍မဟုတ်ဘဲ သင်ကိုယ်တိုင်က စိတ်အားထက်သန်စွာလုပ်ဆောင်လိုသည့်စိတ်ဖြင့် စောင့်ရှောက်ထိန်းသိမ်းကြလော့။- | |
I Pe | BurCBCM | 5:3 | သင်တို့အား အပ်နှံထားသောသိုးစုအပေါ် အာဏာဖြင့် မအုပ်စိုးဘဲ သိုးစုအတွက် ပုံသက်သေ ကောင်းပြသူဖြစ်စေကြလော့။- | |
I Pe | BurCBCM | 5:4 | အကြီးမြတ်ဆုံးသောသိုးထိန်းပေါ်ထွန်းလာတော်မူ သောအခါ သင်တို့သည် မှေးမှိန်ခြင်းမရှိသော ဘုန်းဂုဏ် တော်၏သရဖူကို ရရှိကြလိမ့်မည်။- | |
I Pe | BurCBCM | 5:5 | ထိုနည်းတူပင် ငယ်ရွယ်သောသင်တို့၊ အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံးသည် နှိမ့်ချစိတ်ဖြင့် လွှမ်းခြုံလျက် တစ်ဦးကို တစ်ဦးဆက်ဆံကြလော့။ အကြောင်းမူကား ဘုရားသခင်သည် မောက်မာထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကို ပေးသနားတော်မူ၏။ | |
I Pe | BurCBCM | 5:6 | ထို့ကြောင့် ဘုရားသခင်၏ဘုန်းတန်ခိုးတော်ရှေ့ မှောက်၌ ယခုပင် ဦးညွှတ်ပျပ်ဝပ်ကြလော့။ သို့ဖြစ်လျှင် ကိုယ်တော်သည် သင့်လျော်သောအချိန်၌ သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။- | |
I Pe | BurCBCM | 5:7 | ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် သင်တို့၏ပူပန်သောက များအားလုံးကို ကိုယ်တော့်ထံ၌ အပ်နှံကြ လော့။- | |
I Pe | BurCBCM | 5:8 | သင်တို့၏ရန်သူဖြစ်သောစာတန်နတ်ဆိုးသည် ဟိန်းဟောက် သောခြင်္သေ့ကဲ့သို့ တစ်စုံတစ်ယောက်ကိုဝါးမျိုရန် လှည့်လည် ချောင်းမြောင်းလျက်ရှိသောကြောင့် တည်ကြည် လေးနက်၍ သတိဝီရိယရှိကြလော့။- | |
I Pe | BurCBCM | 5:9 | ကမ္ဘာတစ်ဝန်းလုံးရှိ သင်တို့၏ညီအစ်ကိုများသည်လည်း ဤဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားနေကြရသည် ဟုသိမှတ်ကြ လျက် သင် တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေကာ သူ့အား တွန်းလှန်ခုခံ ကြလော့။- | |
I Pe | BurCBCM | 5:10 | သင်တို့သည် ခေတ္တခဏမျှသာ ဆင်းရဲဒုက္ခခံစားကြရပြီးနောက် ခရစ်တော်အားဖြင့် မိမိ၏ထာ၀ရ ဘုန်းဂုဏ်တော်သို့ သင်တို့ကို ခေါ်တော်မူသော၊ ကျေးဇူး တော်အပေါင်းတို့၏ဘုရားသခင်သည် ကိုယ်တော်တိုင် သင်တို့ကို ပြန်လည်ပြည့်စုံစေ၍ ခိုင်ခံ့မြဲမြံစေပြီးလျှင် အား ဖြည့်ပေးတော်မူလိမ့်မည်။- | |
I Pe | BurCBCM | 5:12 | ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ရန်နှင့် ဤအရာသည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန်ဖြစ်ကြောင်း သက်သေခံရန် သစ္စာရှိသောညီအစ်ကိုဟု ငါသတ်မှတ်သော ဆီဗားနုအားဖြင့် သင်တို့ထံသို့ ဤစာကို အတိုချုပ်၍ ရေးသား လိုက်ပါ၏။ ဤကျေးဇူးတော်၌ တည်ကြည်ခိုင်မာစွာရပ်တည်ကြလော့။- | |
I Pe | BurCBCM | 5:13 | သင်တို့နည်းတူရွေးကောက်ခြင်းခံခဲ့ရသော ဘာဘီလွန်မြို့ရှိ အသင်း တော်ကလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ ငါ့သား မာကုကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။- | |