I PETER
Chapter 3
I Pe | BurCBCM | 3:1 | ။ထိုနည်းတူပင် အသင်ဇနီးသည်တို့၊ သင်တို့၏ ခင်ပွန်းသည်တို့အား ကျိုးနွံနာခံကြလော့။ ဤသို့ဖြင့် နှုတ်တော်ထွက် တရား တော်ကိုမယုံကြည်သော ခင်ပွန်းအချို့ ရှိပါလျှင် သူတို့သည် သင်တို့၏ဘုရားတရား ရိုသေကိုင်းရှိုင်းခြင်းနှင့် ဖြူစင်သန့်ရှင်းသော ကျင့်စဉ်တို့ ကိုမြင်ရသောအခါ စကားတစ်ခွန်းမျှမပြောဆိုရဘဲ မိမိတို့၏ဇနီးသည်များကျင့်ကြံနေထိုင်ပုံအားဖြင့် သင်တို့ ဘက်သို့တိမ်းညွတ်လာနိုင်၏။- | |
I Pe | BurCBCM | 3:3 | သင်တို့၏အလှအပ ပြင်ဆင်ခြင်းသည် ဆံပင်ကျစ်ခြင်း၊ ရွှေငွေရတနာဆင် မြန်းခြင်းနှင့် လှပသောအဝတ်အစားများ ဝတ်ဆင်ခြင်းစသော အပေါ်ယံအလှဆင်ခြင်းမျိုးမဖြစ်စေဘဲ၊- | |
I Pe | BurCBCM | 3:4 | ဘုရား သခင်၏မျက်မှောက်တော်၌ အဖိုးထိုက်တန်လှသော နူးညံ့သိမ်မွေ့ ခြင်းနှင့် အေးချမ်းသည့်အတွင်းစိတ်တည်း ဟူသော မပျောက်ပျက်နိုင်သည့်ရတနာဖြင့် သင်တို့၏စိတ်နှလုံးကို ပြင်ဆင်ထားကြလော့။- | |
I Pe | BurCBCM | 3:5 | ဤသည်ကား ရှေးကာလက သန့်ရှင်းမွန်မြတ်သောအမျိုးသမီးတို့ မိမိတို့ ကိုယ်ကို ရှုချင်စဖွယ် ပြင်ဆင်ထားပုံဖြစ်၏။ သူတို့သည် ဘုရားသခင်ကို မျှော်လင့်အားကိုးလျက် မိမိတို့၏ခင်ပွန်း များကိုလည်း ကျိုးနွံနာခံခဲ့ကြ၏။- | |
I Pe | BurCBCM | 3:6 | ဆာရာသည် အာဘ ရာဟံကို ရိုသေကျိုးနွံလျက် သူ့ကို သခင်ဟုခေါ်ဆိုသကဲ့ သို့ပင်ဖြစ်၏။ ယခု သင်တို့သည် ကောင်းမြတ်ရာ ကိုပြု ကျင့်၍ မည်သည့်အရာကိုမျှကြောက်ရွံ့ခြင်းမရှိပါလျှင် ဆာရာ၏သားသမီးများဖြစ်ကြ၏။ | |
I Pe | BurCBCM | 3:7 | ထိုနည်းတူပင် အသင်ခင်ပွန်းသည်တို့၊ သင်တို့၏ ဇနီးသည်တို့သည် သင်တို့ထက် အားနွဲ့သူများဖြစ်ကြ သော်လည်း အသက်ရှင်ခြင်းကျေးဇူးတော်ကို သင်တို့နှင့် အတူ အမွေခံရသည့်အဖော်ဖြစ်သောကြောင့် သူတို့ကို ဂုဏ်ယူလေးစားလျက် သဘောထားပြည့်၀စွာဖြင့် သူတို့ နှင့်အတူ ပေါင်းသင်းနေထိုင်ကြပါလော့။ ဤသို့ပြုလျှင် သင်တို့၏ဆု တောင်းပတ္ထနာများကို မည်သည့်အရာကမျှ တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။ | |
I Pe | BurCBCM | 3:8 | သင်တို့အားလုံးသည် စိတ်နှလုံးတစ်လုံးတစ်၀ တည်းရှိကြ၍ စာနာထောက်ထားတတ်ခြင်း၊ ညီအစ်ကို ချင်းချစ်ခင်ခြင်း၊ နူးညံ့သိမ်မွေ့သောနှလုံးသားနှင့် နှိမ့်ချသောစိတ်ထားရှိကြရန် နောက်ဆုံးမှာကြားလိုပါ၏။- | |
I Pe | BurCBCM | 3:9 | မကောင်းမှုကို မကောင်းမှုဖြင့်လည်းကောင်း၊ ကဲ့ရဲ့ရှုတ်ချခြင်းကို ကဲ့ရဲ့ရှုတ်ချခြင်းဖြင့်လည်းကောင်း မည်သည့်အခါ မျှမတုံ့ပြန်လေနှင့်။ ထိုကဲ့သို့တုံ့ပြန်ခြင်းထက် ကောင်းချီး ပေးကြလော့။ အကြောင်းမူကား သင်တို့သည် ကောင်းချီးမင်္ဂလာ တော်ကို ခံစားရမည့်အကြောင်း ဤကဲ့သို့ပြု လုပ်ရန် သင်တို့ကို ခေါ်တော်မူခြင်းဖြစ်၏။- | |
I Pe | BurCBCM | 3:10 | အကြောင်းမူကား မိမိအသက်ကို ချစ်မြတ်နိုး၍ ပျော်ရွှင်ဖွယ်ကောင်း သောနေ့ရက်များကို အလိုရှိသောသူသည် မိမိ၏လျှာကို မကောင်းမှုမှ ကင်းဝေးစေလျက် မိမိ၏နှုတ်ကိုလည်း လိမ်လည်လှည့်ဖြားခြင်းမှ ကင်းဝေးစေရမည်။- | |
I Pe | BurCBCM | 3:11 | သူသည် မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကိုပြုပါစေ။ သူသည် ငြိမ်းချမ်းသာယာခြင်းကို ရှာဖွေ၍ ၎င်းကို လက်ကိုင် ထားရမည်။- | |
I Pe | BurCBCM | 3:12 | အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏ဆုတောင်း သံကို ကြားနာတော်မူ၏။ သို့သော် ထာ၀ရဘုရားသခင်သည် အပြစ်မကောင်းမှု ကျူးလွန် သောသူတို့ထံမှ မျက်နှာတော်ကို လွှဲတော်မူ၏။ | |
I Pe | BurCBCM | 3:13 | သင်တို့သည် ကောင်းမှုကိုပြုရန် စိတ်အားထက် သန်ကြပါလျှင် မည်သူသည် သင်တို့ကို ထိခိုက်ရန်မူနိုင် မည်နည်း။- | |
I Pe | BurCBCM | 3:14 | သို့သော် သင်တို့သည် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံကြရပါလျှင်လည်း သင်တို့သည် ကောင်းချီးခံကြရ လိမ့်မည်။ ထိုသူတို့ကို မကြောက်ရွံ့ ကြ နှင့်။ ထိတ်လန့်တုန်လှုပ်ခြင်းလည်း မရှိကြနှင့်။- | |
I Pe | BurCBCM | 3:15 | သင်တို့ ၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် လက် ခံ၍ ရိုသေသမှုပြုကြလော့။ သင်တို့၏မျှော်လင့်ခြင်းနှင့် ပတ်သက်၍ ဖြေရှင်းပြောကြားရန် တောင်းဆိုလာသော သူတို့အား သိမ်မွေ့စွာနှင့် ရိုသေလေးစားစွာ ဖြေကြားနိုင် ခြင်းငှာ အမြဲအသင့်ရှိကြလော့။- | |
I Pe | BurCBCM | 3:16 | သင်တို့၏အသိစိတ်ကို ကြည်လင်ရှင်းသန့်စေကြလော့။ သို့မှသာ သင်တို့သည် ပြစ်တင်ဝေဖန်ခြင်းခံကြရသောအခါ ခရစ်တော်၌ သင် တို့ကျင့်သည့် ကောင်းမြတ်သောကျင့်စဉ်ကို ကဲ့ရဲ့ရှုတ်ချ သောသူတို့သည် အရှက်ရကြလိမ့်မည်။- | |
I Pe | BurCBCM | 3:17 | အကြောင်းမူ ကား သင်သည် ဒုက္ခဝေဒနာခံစားရန် ဘုရားသခင်အလို တော်ရှိလျှင် မကောင်းမှုပြုခြင်းကြောင့် ဒုက္ခခံထမ်းရ သည်ထက် ကောင်းမှုပြုခြင်းကြောင့် ဒုက္ခဆင်းရဲခံရသည်က ပို၍ကောင်း၏။- | |
I Pe | BurCBCM | 3:18 | အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကိုယ်တော်တိုင်သည် အပြစ်များအတွက် တစ်ကြိမ်တည်းနှင့် အပြီးအပိုင်အသေ ခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူက မဖြောင့်မတ်သောသူတို့ အတွက် အသေခံခြင်းဖြင့် ကိုယ်တော်သည် ငါတို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ခဲ့၏။ ကိုယ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ပြန်ရှင်တော်မူခဲ့၏။- | |
I Pe | BurCBCM | 3:19 | ကိုယ်တော်သည် ထိုဝိညာဉ်တော်အားဖြင့် ကြွသွား၍ အကျဉ်းထောင်ထဲတွင်ရှိသောဝိညာဉ်များကို ဟောပြော တော်မူ၏။- | |
I Pe | BurCBCM | 3:20 | ထိုသူတို့သည်ကား တစ်ချိန်က နောဧလက်ထက်၌ ဘုရားသခင်ကို နာခံခြင်းမရှိခဲ့ကြသောသူများဖြစ်ကြ၏။ သင်္ဘောတည်ဆောက်နေချိန်အတွင်း ဘုရားသခင်သည် သူတို့အား စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့၏။ထိုအဖြစ်အပျက်တွင် လူရှစ်ယောက်သာလျှင် ရေဘေးမှ ကယ်ဆယ်ခြင်းခံရ၏။- | |
I Pe | BurCBCM | 3:21 | ဤကဲ့သို့ရေဘေးမှ ကယ်ဆယ် ခြင်းခံရသည်နှင့် အလားသဏ္ဌာန်တူသည့် ဆေးကြော ခြင်းမင်္ဂလာသည် ယခု သင်တို့ကို ကယ်တင်လျက်ရှိ၏။ ၎င်းမှာ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုဖယ်ရှားသန့် စင်ခြင်းမဟုတ်ဘဲ ယေဇူးခရစ်တော်၏ရှင်ပြန် ထမြောက် တော်မူခြင်းဖြင့် သင်တို့၌ ကြည်လင်ရှင်းသန့်သောအသိ စိတ်ရှိလာစေရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်း ဖြစ်၏။- | |