JEREMIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
Chapter 43
Jere | BurJudso | 43:1 | ထိုလူများတို့၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော်၊ | |
Jere | BurJudso | 43:2 | ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသာစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။ | |
Jere | BurJudso | 43:3 | ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊ | |
Jere | BurJudso | 43:4 | ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည် ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ | |
Jere | BurJudso | 43:6 | ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊ | |
Jere | BurJudso | 43:7 | ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍တာပနက်မြို့သို့ ရောက်ကြ၏။ | |
Jere | BurJudso | 43:9 | သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။ | |
Jere | BurJudso | 43:10 | သူတို့အားလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ငါသည်လူကိုစေလွှတ်၍၊ ငါ၏ကွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ် ထားသောဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိထဲတော်ကို ဤကျောက် တို့အပေါ်မှာ ဖြန့်လိမ့်မည်။ | |
Jere | BurJudso | 43:11 | ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။ | |
Jere | BurJudso | 43:12 | အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည် လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့် မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည်။ | |