Site uses cookies to provide basic functionality.

OK
JEREMIAH
Prev Up Next Toggle notes
Chapter 34
Jere BurJudso 34:1  ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီး သည် ဗိုလ်ခြေအပေါင်း၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင်မြို့ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာ တို့ကို၎င်း တိုက်သောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်၍၊
Jere BurJudso 34:2  ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက် သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။
Jere BurJudso 34:3  သင်သည် ထိုမင်းလက်နှင့်မလွတ်ရ။ စင်စစ် သင့်ကိုဘမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။
Jere BurJudso 34:4  သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ထားဖြင့်အသေမခံရ။
Jere BurJudso 34:5  ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
Jere BurJudso 34:6  ဗာဗုလုန် ရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် ယေရု ရှလင်မြို့ကို၎င်း၊
Jere BurJudso 34:7  ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှ မြို့၊ အဇေကာမြို့တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်း သော မြို့တို့ကို၎င်း တိုက်သောအခါ၊ ပရောဖက် ယေရမိ သည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇေဒကိအား ဆင့်ဆိုလေ၏။
Jere BurJudso 34:8  ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း၊
Jere BurJudso 34:9  အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ရောက်လာ၏။
Jere BurJudso 34:10  အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ် မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။
Jere BurJudso 34:11  နောက်တဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေ ကြ၏။
Jere BurJudso 34:12  ထိုကြောင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်၍၊
Jere BurJudso 34:13  ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ဘိုးဘေးများကို ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊
Jere BurJudso 34:14  သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နှစ်စေ့လျှင် လွှတ်ရ မည်။ ခြောက်နှစ်ပတ်လုံး သင်တို့၌ အစေကျွန်ခံပြီးမှ၊ လွတ်သော အခွင့်ကိုပေးရမည်ဟု ပညတ်သော်လည်း၊ သင်တို့ ဘိုးဘေးများတို့သည် ငါ့စကားကို နားမထောင်၊ နားကို ပိတ်လျက်နေကြ၏။
Jere BurJudso 34:15  သင်တို့သည် ယခုမှာပြောင်းလဲ၍၊ အသီးအသီး အိမ်နီးချင်းတို့ အား လွတ်ရသော အခွင့်ကို ထင်ရှားစွာ စီရင်သဖြင့်၊ ငါ့ရှေ့၌ တရားသော အမှုကို ပြုလျက်၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော်၌ ငါ့ရှေ့မှာ ဝန်ခံ ခြင်း ပဋိညာဉ်ကိုပြုကြသော်လည်း၊
Jere BurJudso 34:16  တဖန်ပြောင်းလဲ၍ ငါ၏နာမကို ရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွှတ်ဘူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြပြီတကား။
Jere BurJudso 34:17  ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင်၊ ငါ့စကား ကို နားမထောင်သောကြောင့်၊ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည် သင်တို့အဘို့၊ ထားဘေး၊ ကာလနာ ဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက်ခံစေမည်။
Jere BurJudso 34:18  နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ ရှောက်သွားလျက်၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သော သူတည်းဟူသော၊
Jere BurJudso 34:19  ယုဒမင်း၊ ယေရုရှလင်မင်း၊ မှူးမတ်၊ ယဇ်ပုရော ဟိတ် အစရှိသော၊ နွားသငယ်ထက်ခြမ်းအလယ်သို့ ရှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို၊
Jere BurJudso 34:20  သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သော သူများလက်သို့၎င်း ငါအပ်မည်။ သူတို့အသေကောင် များတို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဘို့ဖြစ်ကြလိမ့်မည်။
Jere BurJudso 34:21  ယုဒရှင်ဘုရင် ဇေဒကိမှစ၍ မှူးတော်မတ်တော် တို့ကို သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သောလူများ လက်သို့၎င်း၊ ယခုလွှဲသွားသောဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေများလက်သို့၎င်း ငါအပ်မည်။
Jere BurJudso 34:22  ငါသည် အမိန့်တော်ပေး၍ သူတို့ကို ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် တိုက်ယူ၍မီးရှို့ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒမြို့ရွာတို့ကို လူတို့ဆိတ်ညံရာအရပ် ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။