JEREMIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
Chapter 5
Jere | BurJudso | 5:1 | ယေရုရှလင်မြို့ကို အပြစ်မှ ငါလွှတ်မည် အကြောင်း၊ တရားသဖြင့် ကျင့်သောမြို့သား၊ သစ္စာစောင့် သောမြို့သား တစုံတယောက်မျှရှိလျှင်၊ ထိုသူကို တွေ့အံ့ သောငှါ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သော အရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။ | |
Jere | BurJudso | 5:2 | သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟုဆိုသော်လည်း၊ အကယ်စင်စစ်မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။ | |
Jere | BurJudso | 5:3 | အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့ မျက်နှာ ကို ကျောက်ထက်သာ၍ မာစေကြပါပြီ။ ငါတို့သည် ပြန်၍ မလာဟု ငြင်းဆန်လျက်နေကြပါပြီ။ | |
Jere | BurJudso | 5:4 | ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ ဘုရားသခင်စီရင်တော်မူရာကို၎င်း၊ မသိ သောကြောင့် မိုက်ကြ၏။ | |
Jere | BurJudso | 5:5 | လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို၎င်း သိကြ၏ဟုဆိုသော်လည်း၊ သူတို့ သည် ထမ်းဘိုးတော်ကိုချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။ | |
Jere | BurJudso | 5:6 | ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကို စောင့်၍၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။ | |
Jere | BurJudso | 5:7 | ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ် နိုင်သနည်း။ သင်၏ သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန် ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။ | |
Jere | BurJudso | 5:8 | ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။ | |
Jere | BurJudso | 5:9 | ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။ | |
Jere | BurJudso | 5:10 | မြို့ရိုးပေါ်သို့တက်၍ ဖျက်ဆီးကြလော့။ ပျက်စီး ခြင်းကို မစဲစေကြနှင့်။ ခြေလက်တို့ကို ပယ်ရှင်းကြလော့။ ထာဝရဘုရားဆိုင်တော်မမူ။ | |
Jere | BurJudso | 5:11 | ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည် ငါ့ထံ၌ ခံဘူးသော သစ္စာကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော် မူ၏။ | |
Jere | BurJudso | 5:12 | သူတို့က၊ ထာဝရဘုရားမရှိ။ ငါတို့အပေါ်၌ ဘေးဥပဒ် မရောက်ရ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ။ | |
Jere | BurJudso | 5:13 | ပရောဖက်တို့သည် လေသက်သက်ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော်မရှိ။ သူတို့ဟောပြောသည် အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ် လျက်ဆိုတတ်ကြ၏။ | |
Jere | BurJudso | 5:14 | သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့၎င်း၊ ဤလူမျိုးကိုထင်းကဲ့သို့၎င်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။ | |
Jere | BurJudso | 5:15 | ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသ ရေလအမျိုး၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေးသော အရပ်ကငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သော အမျိုးဖြစ်လိမ့်မည်။ | |
Jere | BurJudso | 5:16 | သူတို့ မြှားတောင့်သည် ဖွင့်ထားသော သင်္ချိုင်း တွင်းဖြစ်၏။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူ ဖြစ်ကြ၏။ | |
Jere | BurJudso | 5:17 | ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့် ကို စားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြ လိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်း တိုက်၍ လုပ်ကြံကြလိမ့်မည်။ | |
Jere | BurJudso | 5:19 | သင်တို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားသည်၊ ငါတို့၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြေသောအခါ၊ သင်တို့သည် ငါ့ကိုစွန့်ပစ်၍၊ ကိုယ်ပိုင်သော ပြည်၌ တကျွန်းတနိုင်ငံ ဘုရားတို့၏ အမှုကိုဆောင်ရွက်သကဲ့သို့၊ ကိုယ်မပိုင်သော ပြည်၌ တကျွန်းတနိုင်ငံသားတို့၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု၊ သင်သည်သူတို့အား ဆင့်ဆိုရမည်။ | |
Jere | BurJudso | 5:21 | အို မျက်စိရှိလျက်နှင့် မမြင်၊ နားရှိလျက်နှင့် မကြား၊ ဉာဏ်မဲ့သော လူမိုက်တို့၊ နားထောင်ကြလော့။ | |
Jere | BurJudso | 5:22 | ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ် မလွန်နိုင်အောင် ဆီးတားဘို့ရာ သဲကိုထာဝရ အပိုင်း အခြားခန့်ထားသော ငါကို သင်တို့သည် မကြောက်ကြ သလော။ ငါ၏ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍မကျော် မလွန်နိုင်သော်လည်း၊ | |
Jere | BurJudso | 5:24 | အချိန်တန်မှ အရင်မိုဃ်းနှင့် နောက်မိုဃ်းကို ရွာစေ၍၊ အသီးအနှံသိမ်းမြဲသိမ်းရာ ကာလကို ငါတို့အဘို့ သိုထားတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရား ကို ယခုကြောက်ကြကုန်အံ့ဟု၊ သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။ | |
Jere | BurJudso | 5:25 | သင်တို့ဒုစရိုက်သည် ထိုသို့သော အရာတို့ကို လွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏ မင်္ဂလာကို ဆီးတား လေပြီ။ | |
Jere | BurJudso | 5:26 | ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်း သော လူဆိုးတို့သည် ငါ၏လူတို့တွင်ရှိကြ၏။ လူတို့ကို ထောင်ခြင်းငှါ ထောင်ချောက်ကို ထားကြပြီ။ | |
Jere | BurJudso | 5:27 | ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့်၏။ ထိုသို့သူတို့သည် အားတိုးပွါး၍ ရတတ်ခြင်းသို့ ရောက် ကြ၏။ | |
Jere | BurJudso | 5:28 | ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသော သူတို့ထက်သာ၍ ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိသောသူငယ်၏အမှုကို စောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသော သူဘက်၌ တရားသဖြင့် မစီရင်ကြ။ | |
Jere | BurJudso | 5:29 | ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါစိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။ | |