JEREMIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
Chapter 1
Jere | BurJudso | 1:1 | ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်းနန်းစံ ဆယ်သုံးနှစ်တွင်၎င်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယ ကိမ်လက်ထက်၌၎င်း၊ | |
Jere | BurJudso | 1:2 | ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိ မင်းနန်းစံ ဆယ်တနှစ်စေ့၍ ပဉ္စပလတွင်၊ ယေရုရှလင် မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင်၊ | |
Jere | BurJudso | 1:3 | ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံသော ဗင်္လာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသားယဇ်ပုရောဟိတ် ယေရမိ စကားမှာ၊ | |
Jere | BurJudso | 1:5 | သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူ အမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။ | |
Jere | BurJudso | 1:6 | ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ် သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊ | |
Jere | BurJudso | 1:7 | ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင် စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။ | |
Jere | BurJudso | 1:8 | သူတို့ကိုမကြောက်နှင့်။ သင့်ကို ကယ်နှုတ်ခြင်းငှါ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ၊ | |
Jere | BurJudso | 1:10 | ကြည့်ရှုလော့။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက်လှဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသော အခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများ အပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။ | |
Jere | BurJudso | 1:11 | တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဗာတံတိုင်းကို မြင်ပါ၏ဟု လျှောက်သော်၊ | |
Jere | BurJudso | 1:12 | ထာဝရဘုရားက၊ သင်သည်မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ၊ ငါစောင့် နေမည်ဟု မိန့်တော်မူ၏။ | |
Jere | BurJudso | 1:13 | တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက်သော အိုးကင်းကို မြင်ပါ၏။ မြောက် ဘက်သို့မျက်နှာပြုလျက်ရှိပါ၏ဟု လျှောက်လျှင်၊ | |
Jere | BurJudso | 1:15 | အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့တံခါးဝများတို့၌၎င်း၊ မြို့ရိုးပတ်ဝန်းကျင် အရပ်ရပ်တို့၌၎င်း၊ ယုဒမြို့ရွာအလုံးစုံတို့၌၎င်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။ | |
Jere | BurJudso | 1:16 | ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ အခြားသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော အပြစ်၊ မိမိတို့လက်ဖြင့် လုပ်သော အရာကို ကိုးကွယ် သောအပြစ်ရှိသမျှတို့ကြောင့်၊ သူတို့ကို ငါစစ်ကြော၍၊ အပြစ်နှင့်အလျောက် စီရင်မည်။ | |
Jere | BurJudso | 1:17 | သို့ဖြစ်၍ သင်သည် ခါးပန်းကို စည်း၍ထလော့။ ငါမှာထားသမျှကို သူတို့အား ဟောပြောလော့။ သူတို့ ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့်။ | |
Jere | BurJudso | 1:18 | ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ် ပုရောဟိတ်၊ ပြည်သူပြည်သားတည်းဟူသော တနိုင်ငံလုံး တဘက်၌၊ ခိုင်ခံ့သော မြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကို ယနေ့ ငါခန့်ထား၏။ | |