JEREMIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
Chapter 16
Jere | BurJudso | 16:3 | ဤအရပ်၌ ဘွားမြင်သော သားသမီးများကို၎င်း၊ သူတို့မိဘများကို၎င်း၊ ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်ကား၊ | |
Jere | BurJudso | 16:4 | ထိုသူတို့သည် ဆိုးသော သေခြင်းဖြင့် သေရကြ လိမ့်မည်။ သူတို့ ကိုမြည်တမ်း၍ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့သည် ထားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက်၍၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဘို့ ဖြစ်ကြလိမ့်မည်။ | |
Jere | BurJudso | 16:5 | ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ် သို့ မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်း ခြင်းငှါ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော် မူ၏။ | |
Jere | BurJudso | 16:6 | ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရ ကြလိမ့်မည်။ သို့သော်လည်း၊ မသင်္ဂြိုဟ်ရ။ သူတို့အတွက် မြည်တမ်းခြင်းကိုမပြုရ။ ကိုယ်ကို ကိုယ်ရှနခြင်း၊ ဆံပင် ရိတ်ခြင်းကိုလည်း မပြုရ။ | |
Jere | BurJudso | 16:7 | သေသောသူတို့အတွက် စိတ်မသာ ညဉ်းတွား သော သူတို့ကို နှစ်သိမ့်စေခြင်းငှါ၊ မသာပွဲကို မလုပ်ရ။ မိဘသေသော်လည်း၊ နှစ်သိမ့်စေသော ခွက်ဖလားကို မပေးရ။ | |
Jere | BurJudso | 16:8 | ထိုနည်းတူ၊ စားသောက်ပွဲခံရာ အိမ်သို့မဝင်နှင့်။ သူတို့နှင့် ပေါင်းဘော်၍ မစားမသောက်နှင့်။ | |
Jere | BurJudso | 16:9 | ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့ သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။ | |
Jere | BurJudso | 16:10 | သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအား ကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှ လောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ် ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား၊ အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသော အပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊ | |
Jere | BurJudso | 16:11 | သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြု ကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့် သောကြောင့်၎င်း၊ | |
Jere | BurJudso | 16:12 | ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည် သာ၍ဆိုးသော အကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နား မထောင်၊ မိမိတို့ဆိုးသောစိတ်နှလုံး၊ ခိုင်မာသော သဘော သို့ လိုက်သောကြောင့်၎င်း၊ | |
Jere | BurJudso | 16:13 | သင်တို့နှင့် သင်တို့၏ ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည်။ ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကိုမခံရ။ အခြားတပါးသော ဘုရားတို့ကို နေ့ညဉ့်မပြတ် ဝတ်ပြုရကြမည်။ | |
Jere | BurJudso | 16:14 | သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊ | |
Jere | BurJudso | 16:15 | ဣသရေလအမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တဖန် ငါဆောင်ခဲ့ဦးမည်။ | |
Jere | BurJudso | 16:16 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကိုမျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီး တောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။ | |
Jere | BurJudso | 16:17 | သူတို့သွားသမျှသော လမ်းတို့ကို ငါသည် ကြည့်ရှုလျက်နေ၏။ သူတို့သည် ငါ့မျက်ကွယ်၌ သွားကြ သည်မဟုတ်။ သူတို့၏ ဒုစရိုက်ကို ငါ့ရှေ့မှာ ဝှက်၍ မထားနိုင်။ | |
Jere | BurJudso | 16:18 | သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါအမွေခံ သော မြေကို သူတို့သည် စက်ဆုပ်ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူတို့၌ နှစ်ဆ သော အပြစ်ဒဏ်ကို ငါပေးမည်။ | |
Jere | BurJudso | 16:19 | အကျွန်ုပ် အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှု ရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူသော ထာဝရဘုရား၊ တပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ၊ အနတ္တ၊ အချည်းနှီးသော အရာ တို့ကို အမွေခံကြပါပြီဟု၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ၍ လျှောက်ကြပါလိမ့်မည်။ | |