I SAMUEL
Chapter 11
I Sa | BurJudso | 11:1 | ထိုနောက်မှ အမ္မုန်အမျိုးသား နာဟတ်သည်လာ၍ ဂိလဒ်ပြည်ယာဗက်မြို့အနားမှာ တပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိဿဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု နာဟတ်မင်းအားလျှောက်သော်လည်း၊ | |
I Sa | BurJudso | 11:2 | အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ျာမျက်စိရှိသမျှကို ဖောက်၍ ဣသရေလအမျိုးတမျိုး လုံး၌ ငါကဲ့ရဲ့ရသော အခွင့်ကို ပေးမှသာ မိဿဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊ | |
I Sa | BurJudso | 11:3 | ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည်တရှောက်လုံးသို့ တမန် တို့ကို စေလွှတ်ခြင်းငှါ ခုနှစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံ သို့ ထွက်ပါမည်ဟု ဆိုကြ၏။ | |
I Sa | BurJudso | 11:4 | တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အား သိတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကို လွှင့်၍ ငိုကြွေးကြ၏။ | |
I Sa | BurJudso | 11:5 | ရှောလုသည် နွားစုနောက်သို့ လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏ သိတင်းကို ပြောကြ၏။ | |
I Sa | BurJudso | 11:6 | ထိုသိတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော် သက်ရောက်၍ ထိုသူသည် ပြင်းစွာ အမျက်ထွက်လျက်၊ | |
I Sa | BurJudso | 11:7 | နွားတရှဉ်းကို ယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက် ၍၊ ရှောလုနှင့်ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ပြုမည်ဟု ကြော်ငြာစေသ ဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။ | |
I Sa | BurJudso | 11:8 | ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်း ရှိကြ၏။ | |
I Sa | BurJudso | 11:9 | ဂိလဒ်ပြည်ယာဗက်မြို့မှ လာသော တမန်တို့အား နက်ဖြန်နေ့ နေပူချိန် ရောက်သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သားတို့အား ကြားပြောလော့ဟု မှာလိုက်သည်အတိုင်း၊ တမန်တို့သည် သွား၍ သိတင်းကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ၏။ | |
I Sa | BurJudso | 11:10 | အကျွန်ုပ်တို့သည် နက်ဖြန်နေ့၌ ကိုယ်တော်ထံသို့ ထွက်ပါမည်။ ကိုယ်တော်အလိုရှိသမျှအတိုင်း ပြုတော် မူပါဟု နာဟတ်မင်းအား လျှောက်ကြ၏။ | |
I Sa | BurJudso | 11:11 | နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက် ရှိကြ၏။ | |
I Sa | BurJudso | 11:12 | ဣသရေလလူတို့ကလည်း၊ ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လောဟု ဆိုမိသောသူကား အဘယ် သူနည်း။ ထိုသို့ဆိုမိသောသူတို့ကိုခေါ်၍ သတ်ကြကုန်အံ့ဟု ရှမွေလအားဆိုကြသော်၊ | |
I Sa | BurJudso | 11:13 | ရှောလုက၊ လူတယောက်ကိုမျှ ယနေ့မသတ်ရ၊ ထာဝရဘုရားသည် ယနေ့ဣသရေလအမျိုးကို ကယ်တင်တော်မူပြီဟု ဆို၏။ | |
I Sa | BurJudso | 11:14 | ရှမွေလကလည်း၊ ဂိလဂါလမြို့သို့သွား၍ နိုင်ငံတော်ကို ပြုပြင်ကြကုန်အံ့ဟု လူများတို့အား ပြောဆိုသည်အတိုင်း၊ | |