Site uses cookies to provide basic functionality.

OK
I THESSALONIANS
1 2 3 4 5
Prev Up Next Toggle notes
Chapter 3
I Th BurCBCM 3:1  ထို့ကြောင့် ငါတို့သည် နောက်ထပ်မစောင့်ဆိုင်းနိုင်ကြသောအခါ အေသင်မြို့တွင် အဖော်မပါဘဲနေခဲ့ရန် ဆုံးဖြတ်ခဲ့ကြ၏။-
I Th BurCBCM 3:2  ထို့နောက် ငါတို့သည် ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းအတွက် ဘုရားသခင်၏ အစေခံဖြစ်သော ငါတို့၏ညီတော် တီမောသီဦးအား သင်တို့ကို ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေရန်နှင့် အားပေးတိုက်တွန်းရန် သင်တို့ထံသို့ စေလွှတ် လိုက်ကြ၏။-
I Th BurCBCM 3:3  ယခုခံစားနေရသော ဒုက္ခအခက်အခဲများကြောင့် မည်သူမျှစိတ်ယိမ်းယိုင်ခြင်း မရှိစေရန်အတွက်လည်း သူ့ကိုစေလွှတ် လိုက်ခြင်းဖြစ်၏။ ငါတို့သည် ဤဒုက္ခအခက်အခဲများကို ခံထမ်းကြရန် ရွေးချယ်ခံရကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။-
I Th BurCBCM 3:4  အကြောင်းမူကား ငါတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းခံရမည့်အကြောင်းကို သင်တို့နှင့်အတူ ရှိခဲ့ကြစဉ်ကပင် သင်တို့ကို ကြိုတင်ပြောထားခဲ့ပြီးဖြစ်၏။ ထိုသို့ငါပြောထားခဲ့သည့်အတိုင်း ဖြစ်လာသည်ကိုလည်း သင်တို့သိကြ၏။-
I Th BurCBCM 3:5  ထိုအကြောင်းကြောင့် ငါသည် ထပ်မံ၍မစောင့်ဆိုင်းနိုင်သောအခါ သင်တို့၏ယုံကြည်ခြင်းကို သိနိုင်ရန်လည်းကောင်း၊ စာတန်သည် သင်တို့ကို နှောင့်ယှက်သွေးဆောင်ခဲ့ပါလျှင် ငါတို့လုပ်ဆောင်ခဲ့သမျှသည် အကျိုးမဲ့ဖြစ်မည်ကို စိုးရိမ်သောကြောင့် လည်းကောင်း သူ့ကို စေလွှတ်လိုက်ခြင်းဖြစ်၏။
I Th BurCBCM 3:6  ယခုမူကား တီမောသီဦးသည် သင်တို့ထံမှပြန်ရောက်လာ၍ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း သတင်းကောင်းကို ငါတို့ထံသို့ ယူဆောင်လာခဲ့လေပြီ။ သင်တို့သည် ငါတို့ကို အစဉ်သတိရအောက်မေ့ နေကြကြောင်းကို လည်းကောင်း၊ ငါတို့သည် သင်တို့ကို တွေ့လိုသောဆန္ဒရှိသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို တွေ့လိုသောဆန္ဒ ရှိကြောင်းကိုလည်းကောင်း ပြောပြခဲ့၏။-
I Th BurCBCM 3:7  ညီအစ်ကိုတို့၊ ငါတို့သည် ဒုက္ခအခက်အခဲအပေါင်းတို့ကိုခံနေရစဉ် သင်တို့၏ယုံကြည်ခြင်းကြောင့် စိတ်နှစ်သိမ့်မှုကို ခံစားကြရ၏။-
I Th BurCBCM 3:8  အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ တည်ကြည်ခိုင်မာစွာ ရပ်တည်ကြလျှင် ငါတို့သည် ယခုအသက်ရှင်လျက် နေနိုင်ကြပြီဖြစ်၏။-
I Th BurCBCM 3:9  သင်တို့အတွက်ကြောင့်လည်းကောင်း၊ ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် ငါတို့ခံစားရသော ဝမ်းမြောက်ခြင်းများ အားလုံးအတွက်လည်းကောင်း ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မည်ကဲ့သို့ချီးမွမ်းနိုင်ပါမည်နည်း။-
I Th BurCBCM 3:10  ငါတို့သည် သင်တို့၏မျက်နှာကိုမြင်ရရန်နှင့် သင်တို့၏ယုံကြည်ခြင်း၌ လိုအပ်နေသောအရာကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ညမပြတ် စိတ်အားထက်သန်စွာ ဆုတောင်းနေကြပါ၏။
I Th BurCBCM 3:11  ငါတို့၏အဖခမည်းတော်ဘုရား ကိုယ်တော်တိုင်နှင့် ငါတို့၏သခင်ယေဇူးသည် သင်တို့ထံသို့ ငါတို့လာရောက်နိုင်ရန် လမ်းညွှန်ပေးတော်မူကြပါစေ။-
I Th BurCBCM 3:12  ငါတို့သည် သင်တို့အပေါ် ချစ်ခြင်းမေတ္တာထားရှိသကဲ့သို့ သင်တို့သည်လည်း သင်တို့အချင်းချင်း၌လည်းကောင်း၊ အခြားသောသူအားလုံးအပေါ်၌လည်းကောင်း ထားရှိသောချစ်ခြင်းမေတ္တာကို သခင်ဘုရားသည် တိုးပွားတော်မူပါစေ။-
I Th BurCBCM 3:13  ဤသို့ဖြင့် ငါတို့၏အရှင် ယေဇူးသခင်သည် မိမိ၏သူတော်သူမြတ်အပေါင်းနှင့် ကြွလာတော်မူသောအခါ သင်တို့သည် ငါတို့၏အဖ ခမည်းတော်ဘုရားရှေ့တော်၌ သင်တို့၏စိတ်နှလုံးများကို အပြစ်တင်ဖွယ်မရှိရလေအောင် သန့်ရှင်းမြင့်မြတ်ခြင်း၌ ခိုင်မြဲစွာ တည်ထောင်ပေးတော်မူပါစေသော်။