ISAIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
Chapter 4
Isai | BurJudso | 4:1 | သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့် မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မ တို့ကို မောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။ | |
Isai | BurJudso | 4:2 | ထိုကာလ၌ ထာဝရဘုရား၏အညွန့်သည် ဘုန်း အသရေပွင့်လန်းလိမ့်မည်။ လွတ်သောဣသရေလ အမျိုးသားတို့အဘို့၊ မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။ | |
Isai | BurJudso | 4:4 | ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကို ဆေး ကြော၍၊ ယေရုရှလင်မြို့၌ နေရစ်သော သူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့ သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။ | |
Isai | BurJudso | 4:5 | ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင်၊ နေ့အချိန်၌ မိုဃ်းတိမ်နှင့် မီးခိုးကို၎င်း၊ ညဉ့်အချိန်၌ မီးလျှံအလင်းကို၎င်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။ | |