ISAIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
Chapter 42
Isai | BurJudso | 42:1 | ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက် မြတ်နိုးရာ ငါရွေးချယ်သော သူကို ကြည့်ရှုလော့။ ထိုသူ ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။ | |
Isai | BurJudso | 42:3 | နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။ | |
Isai | BurJudso | 42:4 | မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့၊ စိတ်လည်းမပျက်ရ။ သူ၏တရားကိုလည်း၊ တကျွန်းတနိုင်ငံသားတို့သည် မြော်လင့်ကြလိမ့်မည်။ | |
Isai | BurJudso | 42:5 | မိုဃ်းကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူ ထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာ ရှိသောသူတို့ အား အသက်ကို၎င်း၊ မြေကြီးကို ကျော်နင်းသော သူတို့ အား ဝိညာဉ်ကို၎င်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ | |
Isai | BurJudso | 42:7 | လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်း သော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ၎င်း၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှါ၎င်း၊ မှောင်မိုက်၌နေသော သူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည်။ | |
Isai | BurJudso | 42:8 | ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသော သူအား၎င်း၊ ငါ့ အသရေကို ရုပ်တုဆင်းတုတို့အား၎င်း ငါမပေး။ | |
Isai | BurJudso | 42:9 | အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ။ အသစ်သော အရာတို့ကို ယခု ငါဟော၏။ မပေါ်လာမှီ သင်တို့အား ငါပြနှင့်၏။ | |
Isai | BurJudso | 42:10 | ပင်လယ်ကို ကူးသော သူမှစ၍၊ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ၊ တကျွန်းတနိုင်ငံအရပ်များ၊ ထိုအရပ်၌ နေသော သူများတို့၊ ထာဝရဘုရားအား အသစ်သော သီချင်းကိုဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ | |
Isai | BurJudso | 42:11 | တောနှင့်တကွ တော၌ရှိသော မြို့ရွာ၊ ကေဒါ အရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌ နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ် က ကြွေးကြော်ကြစေ။ | |
Isai | BurJudso | 42:12 | ထာဝရဘုရားကို ချီးမြှောက်၍၊ တကျွန်းတနိုင်ငံ အရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။ | |
Isai | BurJudso | 42:13 | ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တဘက်၌ အားထုတ် တော်မူလိမ့်မည်။ | |
Isai | BurJudso | 42:14 | ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ။ ထိုသို့နေ၍ အောင့်ရဦးမည်လော။ သားဘွားခြင်းဝေဒနာ ကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှု၍ ချက်ခြင်း ဖျက်ဆီးမည်။ | |
Isai | BurJudso | 42:15 | တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေ မည်။ သူတို့အပင်ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကို ကုန်းဖြစ်စေမည်။ ရေကန်များကို ခန်းခြောက် စေမည်။ | |
Isai | BurJudso | 42:16 | မျက်စိကန်းသော သူတို့ကို မိမိတို့မသိသော လမ်းဖြင့် ငါဆောင်မည်။ မိမိတို့ မကျွမ်းသော ခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည်။ ကောက်သော လမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သော ကျေးဇူးကို ပြုမည်။ သူတို့ကို မစွန့်ပစ်။ | |
Isai | BurJudso | 42:17 | ရုပ်တုဆင်းတုကို ခိုလှုံ၍၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တု တို့အား ဆိုသော သူတို့သည် လှန်ခြင်းကို ခံရ၍၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။ | |
Isai | BurJudso | 42:18 | နားပင်းသော သူတို့၊ ကြားကြလော့။ မျက်စိ ကန်းသောသူတို့၊ သင်တို့သည် မြင်ရအံ့သောငှါ ကြည့်ရှု ကြလော့။ | |
Isai | BurJudso | 42:19 | ငါ့ကျွန်မှတပါး အဘယ်သူ ကန်းသနည်း။ ငါစေလွှတ်သော တမန်ကဲ့သို့ အဘယ်သူသည် နားပင်း သနည်း။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူကန်းသနည်း။ ထာဝရဘုရား၏ ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း။ | |
Isai | BurJudso | 42:21 | ထာဝရဘုရားသည် မိမိဖြောင့်မတ်ခြင်းကြောင့် အားရနှစ်သက်သဖြင့်၊ တရားတော်ကို ချီးမြှောက်၍ ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူမည်။ | |
Isai | BurJudso | 42:22 | ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသော အမျိုးဖြစ်၏။ ရှိသမျှတို့သည် တွင်း၌ အချုပ်ခံရ၍၊ ထောင် ထဲမှာ ပုန်းကွယ်လျက်နေကြ၏။ ဖျက်ဆီးရာဖြစ်သော အခါ၊ အဘယ်သူမျှ မနှုတ်မယူ။ လုယူရာဖြစ်သောအခါ၊ ပြန်ပေးလော့ဟု အဘယ်သူမျှမဆို။ | |
Isai | BurJudso | 42:23 | သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း။ နောင်ကာလဘို့ အဘယ်သူကြား၍ မှတ်မည်နည်း။ | |
Isai | BurJudso | 42:24 | လုယူရာဖြစ်စေခြင်းငှါ ယာကုပ်ကို၎င်း၊ ထားပြ တို့ လက်သို့ ဣသရေလကို၎င်း အဘယ်သူ အပ်သနည်း။ ငါတို့ ပြစ်မှားသော အရှင်ထာဝရဘုရား အပ်တော်မူ သည်မဟုတ်လော။ သူတို့သည် နောက်တော်သို့ မလိုက်၊ တရားတော်ကို မကျင့်ဘဲ နေကြ၏။ | |