ISAIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
Chapter 36
Isai | BurJudso | 36:1 | ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာ ရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ခိုင်ခံ့သော မြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံပြီးလျှင်၊ | |
Isai | BurJudso | 36:2 | ရာဗရှာခကို ခန့်ထား၍ များစွာသော ဗိုလ်ခြေ နှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီး ထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည် ရောက်၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သောလမ်း၊ အထက်ရေ ကန်ပြွန်ဝ၌ ရပ်နေ၏။ | |
Isai | BurJudso | 36:3 | ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် သူ့ထံသို့ထွက်ပြီးလျှင်၊ | |
Isai | BurJudso | 36:4 | ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင် ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံ သဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။ | |
Isai | BurJudso | 36:5 | စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင် ဆိုပါသည်တကား။ ငါ့ကို ပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း။ | |
Isai | BurJudso | 36:6 | ကျိုးသော ကျူလုံးတောင်ဝေးတည်းဟူသော အဲ ဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီ သောသူ၏ လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသောသူအပေါင်းတို့ကိုပြုလိမ့်မည်။ | |
Isai | BurJudso | 36:7 | သင်တို့က၊ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိ သည်မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့်၊ သင် တို့ ပြစ်မှားသော ဘုရားဖြစ်သည်မဟုတ်လော။ | |
Isai | BurJudso | 36:8 | သို့ဖြစ်၍၊ ယခုတွင်ငါ့သခင်၊ အာရှုရိရှင်ဘုရင်၌ အာမခံတို့ကို အပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက် အောင်ရှိလျှင်၊ မြင်းနှစ်ထောင်တို့ကို ငါပေးမည်။ | |
Isai | BurJudso | 36:9 | သင်သည် ငါ့သခင်၏ ကျွန်တို့တွင် အငယ်ဆုံး သော ဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည် မှရထားများ၊ မြင်းစီးသူရဲများကိုရမည်ဟု ယုံပါသည်တ ကား။ | |
Isai | BurJudso | 36:10 | ထာဝရဘုရား၏ အခွင့်မရှိဘဲ၊ ဤပြည်ကိုဖျက် ဆီးခြင်းငှါ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီး လော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအ ကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။ | |
Isai | BurJudso | 36:11 | ထိုအခါဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှု ရိဘာသာ စကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါ လော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင်၊ ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကို ဆိုကြလျှင်၊ | |
Isai | BurJudso | 36:12 | ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့် သင့်အားသာ ဤစကားကို ပြောစေခြင်းငှါ ငါ့ကိုစေလွှတ် တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက်၊ သင်တို့နှင့်အ တူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက် ရသော သူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လော ဟု ဆိုပြီးလျှင်၊ | |
Isai | BurJudso | 36:13 | ရာဗရှာခသည် ထ၍ ယုဒဘာသာ စကားအား ဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင် မင်းကြီး အာရှုရိ ရှင်ဘုရင်၏ အမိန့်တော်ကို နားထောင် ကြလော့။ | |
Isai | BurJudso | 36:14 | ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည်သင်တို့ကို ကယ်ယူ ခြင်းငှါ မတတ်နိုင်။ | |
Isai | BurJudso | 36:15 | ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ဧကန် အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင် ဘု ရင် လက်သို့ မရောက်ရဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။ | |
Isai | BurJudso | 36:16 | ဟေဇကိစကားကို နားမထောင်ကြနှင့်။ အာရှုရိ ရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့် မိဿဟာယဖွဲ့ကြ။ငါ့ထံသို့ ထွက်လာကြ။ | |
Isai | BurJudso | 36:17 | သင်တို့ပြည်နှင့် တူသောပြည်တည်း ဟူသော၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့၊ သင်တို့ကို ပို့ခြင်းငှါ ငါမ လာမှီတိုင်အောင်၊ သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကို စား၍၊ ကိုယ်ရေကန် ကရေကို သောက်လျက်နေကြဦးလော့။ | |
Isai | BurJudso | 36:18 | ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ် ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည် သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော။ | |
Isai | BurJudso | 36:19 | ဟာမတ်ပြည်၏ ဘုရား၊ အာပဒ်ပြည်၏ဘုရား တို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှ မာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။ | |
Isai | BurJudso | 36:20 | ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ် မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့ လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။ | |
Isai | BurJudso | 36:21 | ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား၊ ပြန်မပြော နှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။ | |