ISAIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
Chapter 24
Isai | BurJudso | 24:1 | ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ၏။ | |
Isai | BurJudso | 24:2 | ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့ ၎င်း၊ သခင်သည် ကျွန်ကဲ့သို့၎င်း၊ သခင်မသည် ကျွန်မကဲ့ သို့၎င်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့၎င်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့၎င်း၊ အတိုးစား သောသူသည် အတိုးပေးသောသူကဲ့သို့၎င်း ဖြစ်ရ လိမ့် မည်။ | |
Isai | BurJudso | 24:3 | တပြည်လုံး လွတ်လပ်၍ ရှင်းရှင်း ပျက်စီးရလိမ့် မည်ဟူသော အရာကို ထာဝရဘုရား မိန့်တော်မူ၏။ | |
Isai | BurJudso | 24:4 | ပြည်တော်သည် ငြိုငြင် ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီး သော ပြည်သားတို့သည် အားလျော့ကြ၏။ | |
Isai | BurJudso | 24:5 | ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကို ပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညှုးခြင်းရှိ ၏။ | |
Isai | BurJudso | 24:6 | ထိုကြောင့်၊ ကျိန်တော်မူသော အကျိန်သည် ပြည် တော်ကို လွှမ်းမိုးပြီ။ ပြည်သားတို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ပြည်သူတို့သည် ပူလောင်ကြ သဖြင့်၊ ကြွင်းကျန်သောသူတို့သည် နည်းကြ၏။ | |
Isai | BurJudso | 24:7 | သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ် နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်း သောသူအပေါင်းတို့သည် ညည်းတွားကြ၏။ | |
Isai | BurJudso | 24:8 | သာယာသောပတ်သာ အသံငြိမ်းပြီ။ ဝမ်း မြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံ လည်း ငြိမ်းပြီ။ | |
Isai | BurJudso | 24:9 | သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပစပ်ခါး ကြလိမ့်မည်။ | |
Isai | BurJudso | 24:10 | လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ။ အ ဘယ်သူမျှ မဝင်စေခြင်းငှါ၊ အိမ်များကို ပိတ်ထားကြပြီ။ | |
Isai | BurJudso | 24:11 | စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည် တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ။ တပြည်လုံး၌ သာယာသောအသံ ငြိမ်းပြီ။ | |
Isai | BurJudso | 24:12 | ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့တံ ခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။ | |
Isai | BurJudso | 24:13 | ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန် ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်။ | |
Isai | BurJudso | 24:14 | ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည်။ | |
Isai | BurJudso | 24:15 | သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘု ရားကို၎င်း၊ ပင်လယ် တဘက်တကျွန်း တနိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရ ဘုရား၏ နာမတော်ကို၎င်း ချီးမွမ်းကြလော့။ | |
Isai | BurJudso | 24:16 | သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူ စေသတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည် ကြားရ၏။ ငါမူကား၊ အလွန်ဆင်းရဲ၏။ အလွန်ဆင်းရဲ၏။ အမင်္ဂလာရှိ၏။ လုယက်သောသူတို့သည် လုယက်လျက် နေကြ၏။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လု ယက်ကြ၏။ | |
Isai | BurJudso | 24:18 | ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေ တွင်းမှလွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့် မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ် လည်း လှုပ်ရှားလေ၏။ | |
Isai | BurJudso | 24:19 | ပြည်တော်သည် တပြည်လုံး ပြုတ်လေပြီ။ ပြည် တော်သည် အကုန်အစင် ပြိုပျက်လေပြီ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ၏။ | |
Isai | BurJudso | 24:20 | ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူး လည်လည် ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ်မှာ လေးသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်။ နောက်တဖန် မထရ။ | |
Isai | BurJudso | 24:21 | ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအ ရပ်၌ မြင့်သောအလုံးအရင်းကို၎င်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကို၎င်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။ | |
Isai | BurJudso | 24:22 | သူတို့သည် တွင်းထဲမှာ တစုတည်းစုဝေး၍ ချည် နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရ ကြလိမ့်မည်။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ် ကြောခြင်းကို ခံရကြလိမ့်မည်။ | |