ISAIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
Chapter 34
Isai | BurJudso | 34:1 | အိုလူမျိုးတို့၊ သင်တို့သည် ကြားရ အံ့သောငှါ ချဉ်းကပ်ကြလော့။ အို လူစုတို့၊ နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီး၌ ပါသမျှသော အရာ၊ လောကဓာတ် နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါ စေ။ | |
Isai | BurJudso | 34:2 | ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော် မူ၏။ | |
Isai | BurJudso | 34:3 | သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ ပစ် လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည်။ | |
Isai | BurJudso | 34:4 | ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ်၍၊ မိုဃ်းကောင်းကင်သည်စာလိပ်ကဲ့သို့ လိပ်လျက် ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့၎င်း၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်။ | |
Isai | BurJudso | 34:5 | အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်း ကင်၌ ရောင့်ရဲပြီးမှ၊ တဖန် ဧဒုံပြည် အပေါ်မှာ၎င်း၊ ငါ ကျိန်သောလူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်။ | |
Isai | BurJudso | 34:6 | ထာဝရဘုရား၏ ထားတော်သည် အသွေးနှင့် ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏။ | |
Isai | BurJudso | 34:7 | ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြ သဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။ | |
Isai | BurJudso | 34:8 | ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့ ၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေ ပြီ။ | |
Isai | BurJudso | 34:9 | ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့် လည်းကန့်၊ တပြည်လုံးလည်း မီးလောင်သော အစေးဖြစ် လိမ့်မည်။ | |
Isai | BurJudso | 34:10 | နေ့ညဉ့်မပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ် တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ် ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မရှောက်မသွားရ။ | |
Isai | BurJudso | 34:11 | ဝံပိုငှက် နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေ ခံ၍၊ ဣဗိတ်ငှက် နှင့် ကျီးအတို့သည်လည်း နေကြလိမ့် မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း ၍၊ လဟာ မှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။ | |
Isai | BurJudso | 34:13 | ဘုံဗိမာန်တို့၌၎င်း၊ ရဲတိုက်တို့၌၎င်း၊ ဆူးပင်အ မျိုးမျိုးပေါက်ကြလိမ့်မည်။ မြေခွေးခိုရာ၊ ကုလားအုတ်ငှက် နေရာ ဖြစ်ရလိမ့်မည်။ | |
Isai | BurJudso | 34:14 | ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့ နှင့် တွေ့ကြုံကြလိမ့်မည်။ မျောက်တို့သည် အချင်းချင်း တကောင်ကို တကောင် မြည်ကြလိမ့်မည်။ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ခိုလှုံရာကို တွေ့လိမ့်မည်။ | |
Isai | BurJudso | 34:15 | ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အ သိုက်လုပ်၍ ဥလိမ့်မည်။ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ ကွယ်ကာလိမ့်မည်။ လင်းတတို့သည်လည်း ထို အရပ်၌ စုဝေး၍၊ အထီး အမများ ပေါင်းကြလိမ့်မည်။ | |
Isai | BurJudso | 34:16 | ထာဝရဘုရား၏ ကျမ်းစာကို ကြည့်ရှု၍ ဘတ် ကြလော့။ ထိုတိရစ္ဆာန်တကောင်မျှ မပေါ်ဘဲမနေရ။ အမ တကောင်မျှ မိမိအဘော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူ တို့ကို စုဝေးစေတော်မူ၏။ | |