ISAIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
Chapter 16
Isai | BurJudso | 16:1 | မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့။သေလမြို့မှတောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ပေးလိုက်ကြလော့။ | |
Isai | BurJudso | 16:2 | မိမိအသိုက်ကို စွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာကမ်းနားမှာ ရှိကြလိမ့်မည်။ | |
Isai | BurJudso | 16:3 | အကြံပေးလော့။ တရားသဖြင့် စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညဉ့်ကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေ လော့။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့။ ပြေးသော သူတို့ကို မပြနှင့်။ | |
Isai | BurJudso | 16:4 | မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့။ သင်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသော သူတို့ကို မြေပေါ်ကပယ်ရှားလေပြီ။ | |
Isai | BurJudso | 16:5 | ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့် မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏ တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။ | |
Isai | BurJudso | 16:6 | မောဘ၏ မာနကို ငါတို့သည်ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ်၏။ | |
Isai | BurJudso | 16:7 | ထို့ကြောင့်၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်း တွားမြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ပျက်သည်အ တွက် သင်တို့သည်ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။ | |
Isai | BurJudso | 16:8 | ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက်၍၊တော၌လည် တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ် ကိုလွန်ကြ၏။ | |
Isai | BurJudso | 16:9 | ထို့ကြောင့်၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။ | |
Isai | BurJudso | 16:10 | ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ။ | |
Isai | BurJudso | 16:11 | ထို့ကြောင့်၊ ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက်၊ စောင်းကဲ့သို့ မြည်ရ လိမ့်မည်။ | |
Isai | BurJudso | 16:12 | ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကို ပင်ပန်းစေခြင်း၊ ပဌနာပြုအံ့သောငှါ မိမိသန့်ရှင်း ရာ ဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း၊ အကြံမမြောက်နိုင်ရာ။ | |