AMOS
Chapter 1
Amos | BurJudso | 1:1 | ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊ | |
Amos | BurJudso | 1:2 | ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲကအသံကို လွှင့်တော်မူသော ကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။ | |
Amos | BurJudso | 1:3 | ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့ နှင့် ကြိတ်နယ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ | |
Amos | BurJudso | 1:5 | ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကိုချိုးမည်။ အာဝင်ချိုင့်သားတို့ကို၎င်း၊ ဗေသေဒင်မြို့၌ မင်းပြုသော သူတို့ကို၎င်း ပယ်ဖြတ်မည်။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ | |
Amos | BurJudso | 1:6 | တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှါ သိမ်းသွားသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ | |
Amos | BurJudso | 1:8 | အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကို လည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ | |
Amos | BurJudso | 1:9 | တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သောမိဿဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ် မပေးဘဲမနေ။ | |
Amos | BurJudso | 1:11 | တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကို ကို ထားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲအငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။ | |
Amos | BurJudso | 1:13 | တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ | |
Amos | BurJudso | 1:14 | ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့၌ လွင့်သွားခြင်း ရှိလိမ့်မည်။ | |