DANIEL
Chapter 10
Dani | BurJudso | 10:1 | ပေရသိ ရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင်၊ ဗေလ တရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ် တော်ကိုခံရ၏။ ထိုဗျာဒိတ် တော်စကားမှန်ပေ၏။ ကြီးစွာ သော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။ | |
Dani | BurJudso | 10:3 | အရက်နှစ်ဆယ် တရက်မစေ့မှီမြိန်သော မုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကိုမမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်မပြု။ | |
Dani | BurJudso | 10:5 | မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသောလူတဦးကို မြင်၏။ | |
Dani | BurJudso | 10:6 | သူ၏ ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ဖြစ်၏။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာ သော လူစုအသံနှင့်တူ၏။ | |
Dani | BurJudso | 10:7 | ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတယောက်တည်း မြင်ရ၏။ ငါနှင့် အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။ | |
Dani | BurJudso | 10:8 | ငါမူကား၊ တယောက်တည်းနေရစ်၍ ထိုကြီးစွာ သော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက် လျက်၊ ကိုယ်၌ အစွမ်းသတ္တိအလျှင်းမရှိ ဖြစ်လေ၏။ | |
Dani | BurJudso | 10:9 | သို့ရာတွင်၊ ထိုသူ၏ စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေ လျက်နေ၏။ | |
Dani | BurJudso | 10:11 | သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှါ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ်မတ်တက်နေ၏။ | |
Dani | BurJudso | 10:12 | ထိုအခါသူကလည်း၊ အချင်းဒံယေလ၊ မကြောက် နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ၍ သင်၏ စကားကိုကြားတော်မူပြီ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ။ | |
Dani | BurJudso | 10:13 | ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့်၍ နေရ၏။ | |
Dani | BurJudso | 10:14 | ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အား ပြောဆို၏။ | |
Dani | BurJudso | 10:16 | ထိုအခါ လူသား၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည်နှုတ်ကို ဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ | |
Dani | BurJudso | 10:17 | ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသော သူအား ငါလျှောက် ၏။ | |
Dani | BurJudso | 10:19 | အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ် သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။ | |
Dani | BurJudso | 10:20 | ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည်။ ငါသွားပြီး သည်နောက်၊ တဖန် ဟေလသမင်းသည် ပေါ်လာ လိမ့်မည်။ | |