I CORINTHIANS
Chapter 8
I Co | BurJudso | 8:1 | ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှ သည် ပိုင်းခြားတတ်သော ဉာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။ | |
I Co | BurJudso | 8:2 | အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်း မသိသေး။ | |
I Co | BurJudso | 8:4 | ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသော ဘုရားသခင်မှတပါး အဘယ်ဘုရားသခင်မျှမရှိသည်ကို၎င်း၊ ငါတို့သိကြ၏။ | |
I Co | BurJudso | 8:5 | ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ် သမုတ်သော သူအများရှိသော်လည်း၊ | |
I Co | BurJudso | 8:6 | အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့၌ရှိတော်မူ၏။ | |
I Co | BurJudso | 8:7 | သို့သော်လည်း ထိုဉာဏ်ကို လူတိုင်းမရ။ အချို့ သော သူတို့သည် ယခုတိုင်အောင်ရုပ်တုရှေ့၌ ပူဇော် သော ယဇ်ကောင်ကိုစားသော်၊ ရုပ်တုကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ်၍၊ သူတို့၌ကိုယ်ကို ကိုယ်သိသော စိတ်သည်အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်တတ်၏။ | |
I Co | BurJudso | 8:8 | အစားအသောက်အားဖြင့် ဘုရားသခင်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။ | |
I Co | BurJudso | 8:9 | သို့သော်လည်း၊ သင်တို့အခွင့်ကိုအားနည်းသော သူတို့၌ ထိမိ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှါ သတိ ပြုကြလော့။ | |
I Co | BurJudso | 8:10 | အကြောင်းမူကား၊ သင်သည် ပိုင်းခြားတတ်သော ဉာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌ စားပွဲနားမှာ လျောင်းသည်ကို သူတပါးမြင်လျှင်၊ ကိုယ်ကိုကိုယ်သိသော စိတ်အားနည်းသောသူသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းငှါ ရဲမည်မဟုတ်လော။ | |
I Co | BurJudso | 8:11 | ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကိုအဘို့အလို့ငှါ ခရစ်တော်သည် အသေခံတော်မူ၏။ အားနည်းသော ထိုညီအစ်ကိုသည် သင်၏ဉာဏ် ကြောင့်ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား၊ | |
I Co | BurJudso | 8:12 | သင်တို့သည်၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကို ကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်၏။ | |