I SAMUEL
Chapter 31
I Sa | BurJudso | 31:1 | ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။ | |
I Sa | BurJudso | 31:2 | ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာ လိုက်၍၊ ရှောလု၏သား ယုနသန်၊ အဘိနဒပ်၊ မေလခိရွှ တို့ကို သတ်ကြ၏။ | |
I Sa | BurJudso | 31:3 | စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သော မြှားမှန်၍ အလွန်နာသောကြောင့်၊ | |
I Sa | BurJudso | 31:4 | လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ထားကို ထုတ်၍ ငါ့ကို ထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကို ယူ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ်မှာ လှဲ၍ သေလေ၏။ | |
I Sa | BurJudso | 31:5 | ရှောလု သေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထားဖျားပေါ်မှာ လှဲ၍ သေ၏။ | |
I Sa | BurJudso | 31:6 | ထိုသို့ရှောလုမှစ၍ သူ၏ သားသုံးယောက်၊ သူ၏ လက်နက်ဆောင်လုလင်၊ သူ၏ လူအပေါင်းတို့သည် ထိုနေ့ခြင်းတွင် အတူသေကြ၏။ | |
I Sa | BurJudso | 31:7 | ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားသေကြောင်းကို ချိုင့်တဘက်၊ ယော်ဒန်မြစ်တဘက်၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍ နေကြ၏။ | |
I Sa | BurJudso | 31:8 | နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှါလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက် ရှိသည်ကို တွေ့မြင်ကြ၏။ | |
I Sa | BurJudso | 31:9 | ရှောလု၏ ခေါင်းကို ဖြတ်၍ လက်နက်တော်ကို ချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ ဖိလိတ္တိပြည် အရပ်ရပ်သို့ ပေးလိုက်ကြ၏။ | |
I Sa | BurJudso | 31:10 | လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။ | |
I Sa | BurJudso | 31:12 | သူရဲအပေါင်းတို့သည် ညဉ့်အခါ ထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှ ချပြီး လျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။ | |