Site uses cookies to provide basic functionality.

OK
II CHRONICLES
Prev Up Next Toggle notes
Chapter 36
II C BurJudso 36:1  ပြည်သူပြည်သားတို့သည် ယောရှိသား ယော ခတ်ကို ယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
II C BurJudso 36:2  ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။
II C BurJudso 36:3  ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင် မြို့မှာ နန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ၏။
II C BurJudso 36:4  အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ် ၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်၍။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။
II C BurJudso 36:5  ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံ လေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
II C BurJudso 36:6  ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
II C BurJudso 36:7  ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား ၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
II C BurJudso 36:8  ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေ သမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု၊ ထင်ရှာသော စိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
II C BurJudso 36:9  ယေခေါနိသည် အသက်တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက်စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၏။
II C BurJudso 36:10  နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီး သည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော် ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
II C BurJudso 36:11  ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။
II C BurJudso 36:12  ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ။
II C BurJudso 36:13  ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
II C BurJudso 36:14  ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
II C BurJudso 36:15  ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
II C BurJudso 36:16  ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့်၊ ထာဝရဘုရား၏အမျက်တော် မငြိမ်း နိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
II C BurJudso 36:17  ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ၏။
II C BurJudso 36:18  ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကို၎င်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ် ဘဏ္ဍာရှိသမျှတို့ကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။
II C BurJudso 36:19  ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုး ကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
II C BurJudso 36:20  ထားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့ သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။
II C BurJudso 36:21  ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထားဝရ ဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း။ ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။