II CHRONICLES
Chapter 18
II C | BurJudso | 18:2 | နောက်တဖန်ရှမာရိမြို့၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလရှင်ဘုရင်အာဟပ်သည် ယုဒရှင်ဘုရင်ယောရှဖတ်နှင့်၊ သူ၏လူတို့အဘို့ များစွာ သော သိုးနွားတို့ကိုစီရင်၍၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှါ၊ | |
II C | BurJudso | 18:3 | ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ လိုက်မည် လောဟုမေးလျှင်၊ ယောရှုဖတ်က၊ ငါသည် မင်းကြီးကဲ့သို့ ၎င်း၊ ငါသူတို့သည် မင်းကြီး၏လူကဲ့သို့ဖြစ်လျက်၊ မင်းကြီး နှင့်ဝိုင်း၍ စစ်တိုက်မည်ဟု ပြန်ပြော၏။ | |
II C | BurJudso | 18:4 | တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊ | |
II C | BurJudso | 18:5 | ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေ ကောင်းသလောဟု မေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက် ကြ၏။ | |
II C | BurJudso | 18:6 | ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက်တစုံတပါးမျှမရှိသလောဟု မေးသော်၊ | |
II C | BurJudso | 18:7 | ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်၊ ဣမလသားမိက္ခာ ရှိသေး၏။ သို့ရာတွင်။ ထိုသူကိုငါမုန်း၏။ ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ အစဉ်ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က၊ ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။ | |
II C | BurJudso | 18:8 | ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင် အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။ | |
II C | BurJudso | 18:9 | ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယော ရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက်၊ ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင် တို့အပေါ်မှာ ထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။ | |
II C | BurJudso | 18:10 | ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော် သည် ရှုရိပြည်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ | |
II C | BurJudso | 18:11 | ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့စစ်ချီ၍ အောင်တော်မူပါ၊ ထာဝရ ဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော် မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။ | |
II C | BurJudso | 18:12 | မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊ | |
II C | BurJudso | 18:13 | မိက္ခာက၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ ငါ၏ဘုရားသခင်မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟုဆို၏။ | |
II C | BurJudso | 18:14 | ရှင်ဘုရင်ထံသို့ရောက်သောအခါ၊ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မချီဘဲနေ ကောင်းသလောဟုမေးလျှင်၊ မိက္ခာကစစ်ချီ၍ အောင်တော်မူပါ။ ရန်သူတို့ကို လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။ | |
II C | BurJudso | 18:15 | ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော်၊ | |
II C | BurJudso | 18:16 | မိက္ခာက၊ ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိသောသိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက်ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရ ဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသော ကြောင့်၊ အသီးသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။ | |
II C | BurJudso | 18:17 | ဣသရေလရှင်ဘုရင်ကလည်း၊ သူသည် ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟုမင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။ | |
II C | BurJudso | 18:18 | မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲ တော်ဘက်၌ရပ်နေကြသည်ကို၎င်း၊ ငါမြင်ပြီ။ | |
II C | BurJudso | 18:19 | ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ဆုံးစေခြင်းငှါ၊ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ၏။ | |
II C | BurJudso | 18:20 | တဖန်ဝိညာဉ်တပါးသည်လာ၍ ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက်လျှင်၊ | |
II C | BurJudso | 18:21 | ထာဝရဘုရားက၊ အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး ၏ပရောဖက်အပေါင်းတို့ထဲမှာ၊ မုသားစကားကို ပြော တတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် သင်သည်သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။ | |
II C | BurJudso | 18:22 | သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ပရောဖက် အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။ | |
II C | BurJudso | 18:23 | ထိုအခါ ခေနာနာသားဇေဒကိသည် ချဉ်းလာ၍ မိက္ခာ၏ပါးကို ပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ်တော် သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ၊ အဘယ်လမ်းဖြင့် ငါမှ ထွက်တော်မူသနည်းဟု မေးလျှင်၊ | |
II C | BurJudso | 18:24 | မိက္ခာက၊ သင်သည်ပုန်းရှောင်၍နေခြင်းငှါ၊ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။ | |
II C | BurJudso | 18:26 | ဤသူကို ထောင်ထဲမှာလှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမှီတိုင်အောင်၊ ဆင်းရဲစွာ စားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ ဟု စီရင်၏။ | |
II C | BurJudso | 18:27 | မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်စပ်စွာ ပြန်လာရလျှင်၊ ထာဝရဘုရားသည် ငါ့အားဖြင့်မိန့်တော် မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟုဆို၏။ | |
II C | BurJudso | 18:28 | ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။ | |
II C | BurJudso | 18:29 | ဣသရေလရှင်ဘုရင်က၊ ငါသည် ခြားနားသော အယောင်ကို ဆောင်၍စစ်ပွဲထဲသို့ ဝင်မည်။ မင်းကြီးမူ ကား၊ မင်မြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှ ဖတ်အားဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနား သော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။ | |
II C | BurJudso | 18:30 | ရှုရိရှင်ဘုရင်က၊ ဣသရေလရှင်ဘုရင်မှတပါး၊ အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့ကိုမှာထားနှင့်သောကြောင့်၊ | |
II C | BurJudso | 18:31 | ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင်သောအခါ၊ ထိုသူသည် ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်ဟုဆိုလျက်၊ သူ့ကို တိုက်အံ့သောငှါ ဝိုင်းလာ ကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။ ထာဝရ ဘုရားလည်းမစ၍ သူတို့ကိုလွှဲသွားစေခြင်းငှါ၊ ဘုရား သခင်သွေးဆောင်တော်မူ၏။ | |
II C | BurJudso | 18:32 | ဣသရေလရှင်ဘုရင်မဟုတ်ကြောင်းကို၊ ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။ | |
II C | BurJudso | 18:33 | လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို၊ သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင် လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကိုဆို၏။ | |