MICAH
Chapter 6
Mica | BurJudso | 6:1 | ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြ လော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။ | |
Mica | BurJudso | 6:2 | အိုတောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရ ဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရ ဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေ လအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။ | |
Mica | BurJudso | 6:3 | အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲဘူးသနည်း။ ငါ့တဘက်၌ သက်သေခံလော့။ | |
Mica | BurJudso | 6:4 | သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။ | |
Mica | BurJudso | 6:5 | အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို၎င်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရ ဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။ | |
Mica | BurJudso | 6:6 | ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ် ပူဇော်သက္ကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရား သခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။ | |
Mica | BurJudso | 6:7 | ထာဝရဘုရားသည် သိုးထီးတထောင်၊ ဆီမြစ် တသောင်းကို အားရနှစ်သက်တော်မူမည်လော။ ငါ့လွန် ကျူးခြင်းအတွက် ငါ၏သားဦးကို၎င်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကို၎င်း ပူဇော်ရမည်လော၊ | |
Mica | BurJudso | 6:8 | အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း။ | |
Mica | BurJudso | 6:9 | ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသော သူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကို၎င်း၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို၎င်း နားထောင်ကြလော့။ | |
Mica | BurJudso | 6:10 | မတရားသော သူတို့၏အိမ်၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့်၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော။ | |
Mica | BurJudso | 6:11 | မတရားသော ချိန်ခွင်နှင့် စဉ်းလဲသော အလေး အိတ်ရှိသော မြို့ကိုသန့်ရှင်းသော မြို့ဟူ၍ ငါမှတ်ရမည် လော။ | |
Mica | BurJudso | 6:12 | မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာကို သုံး တတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသာဖြစ်၏။ | |
Mica | BurJudso | 6:13 | သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါ သုတ် သင်ပယ်ရှင်းခြင်းအလိုငှါ နာကျင်စွာ ဒဏ်ခတ်မည်။ | |
Mica | BurJudso | 6:14 | သင်သည် စားသော်လည်းမဝရ။ မွတ်သိပ်ခြင်း ကို ခံရမည်။ သင်သည် ချီသော်လည်းယူ၍ မသွားရ။ ယူသွားသော အရာကိုလည်း ထားဘေးသို့ ငါအပ်မည်။ | |
Mica | BurJudso | 6:15 | မျိုးစေ့ကို ကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့်ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။ | |