REVELATION OF JOHN
Chapter 8
Reve | BurJudso | 8:2 | ဘုရားသခင့်ရှေ့တော်၌ ရပ်နေသောကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကို ပေး၏။ | |
Reve | BurJudso | 8:3 | ကောင်းကင်တမန်တပါးသည်လာ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာရပ်နေ၏။ ပလ္လင် တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူ အပေါင်းတို့၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့ သောနံ့သာပေါင်းအများကို ထိုသူ၌ပေး၏။ | |
Reve | BurJudso | 8:4 | မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ ပဌနာများနှင့်အတူ ကောင်းကင် တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။ | |
Reve | BurJudso | 8:5 | ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက် သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။ | |
Reve | BurJudso | 8:6 | တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှါမိမိတို့ကို ပြင်ဆင်ကြ၏။ | |
Reve | BurJudso | 8:7 | ပဋ္ဌမသူသည် တံပိုးမှုတ်သောအခါ မိုဃ်းသီးဖြစ်၏။ အသွေးနှင့် ရောနှောသော မီးလည်းဖြစ်၏။ မြေကြီးအပေါ်သို့ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင် လေ၏။ | |
Reve | BurJudso | 8:8 | ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ်၏။ | |
Reve | BurJudso | 8:10 | တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီး သည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစုသို့၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။ | |
Reve | BurJudso | 8:11 | ထိုကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။ | |
Reve | BurJudso | 8:12 | စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစု တစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဉ့်သုံးစုတစုသည် အလင်းမရှိ၊ | |