SONG OF SOLOMON
Chapter 7
Song | BurJudso | 7:1 | အိုမင်းသမီး၊ ခြေနင်းစီးလျက်၊ သင်၏ခြေတို့ သည် အလွန်တင့်တယ်ပါ၏။ သင်၏ခါးဆစ်တို့သည် လိမ္မာသောသူ ပြုပြင်သောကျောက်ကောင်းရတနာကဲ့သို့ ဖြစ်ကြပါ၏။ | |
Song | BurJudso | 7:2 | သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ၏။ | |
Song | BurJudso | 7:4 | လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့၎င်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့၎င်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့၎င်း ဖြစ်ပါ၏။ | |
Song | BurJudso | 7:5 | သင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။ | |
Song | BurJudso | 7:6 | ငါချစ်သောနှမ၊ ငါပျော်မွေ့ဘို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။ | |
Song | BurJudso | 7:7 | သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ၏။ | |
Song | BurJudso | 7:8 | စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တဖန်သင်၏ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့၎င်း၊ သင်ရူသောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့၎င်း၊ | |
Song | BurJudso | 7:11 | ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော် မူပါ။ တောအရပ်သို့ ထွက်သွား၍ ရွာတို့၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့။ | |
Song | BurJudso | 7:12 | နံနက်စောစောထ၍ စပျစ်ဥယျာဉ်သို့သွားကြ ကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှုကြကုန်အံ့၊ ထိုအရပ်၌ ကျွန်မ၏ မေတ္တာကို ကိုယ်တော်၌ အပ်ပေးပါမည်။ | |