Site uses cookies to provide basic functionality.

OK
SONG OF SOLOMON
1 2 3 4 5 6 7 8
Prev Up Next Toggle notes
Chapter 4
Song BurJudso 4:1  သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ ၏။ ဆ့ပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာ သော ဆိတ်စုကဲ့သို့ဖြစ်၏။
Song BurJudso 4:2  သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့။ အမွှာသာ ဘွားတတ်ကြ၏။
Song BurJudso 4:3  နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။
Song BurJudso 4:4  လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။
Song BurJudso 4:5  ရင်သားနှစ်ဘက်တို့သည် နှင်းတော၌ ကျက်စား သော ဒရယ်သငယ်အမွှာနှင့် တူကြ၏။
Song BurJudso 4:6  မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါသည်မုရန် တောင်နှင့် လောဗန်ကုန်းသို့သွားမည်။
Song BurJudso 4:7  ငါချစ်သောနှမ၊ သင်သည်အပြစ်တစုံတခုမျှမရှိ။ တကိုယ်လုံးလှပေ၏။
Song BurJudso 4:8  ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင် ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။
Song BurJudso 4:9  ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။
Song BurJudso 4:10  ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန် ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူး သဖြင့် ကောင်းပေ၏။ သင်းထုံသောနံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။
Song BurJudso 4:11  ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၏။ လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်းကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။
Song BurJudso 4:12  ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။
Song BurJudso 4:13  သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊
Song BurJudso 4:14  နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ၏။
Song BurJudso 4:15  ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်း ရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း။
Song BurJudso 4:16  မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့ လာကြပါ။ မွှေးကြိုင်သောအနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။