Site uses cookies to provide basic functionality.

OK
HOSEA
1 2 3 4 5 6 7 8 9 10 11 12 13 14
Prev Up Next Toggle notes
Chapter 12
Hose BurJudso 12:1  ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့ လေကို လိုက်တတ်၏။ နေ့တိုင်းမုသာစကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့ နှင့် မိဿဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။
Hose BurJudso 12:2  ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်။
Hose BurJudso 12:3  ယာကုပ်သည် အမိဝမ်း၌ အစ်ကို၏ ဖနှောင့်ကို ကိုင်၏။ ခွန်အားကြီး၍ ဘုရားသခင်နှင့် ပြိုင်လေ၏။
Hose BurJudso 12:4  ကောင်းကင်တမန်နှင့်ပြိုင်၍ နိုင်လေ၏။ ငို၍ တောင်းပန်နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရဘုရားကို ဗေသလမြို့မှာ ဖူးတွေ့၍၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကို ခံလေ၏။
Hose BurJudso 12:5  ထာဝရဘုရားတည်းဟူသော နာမသည် ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။
Hose BurJudso 12:6  သို့ဖြစ်၍၊ သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက်၍၊ သင်၏ဘုရားသခင်ကို အစဉ်မပြတ် မြော်လင့်လော့။
Hose BurJudso 12:7  သူသည် ကုန်သည်ဖြစ်၏။ စဉ်းလဲသော ချိန်ခွင် ကို ကိုင်တတ်၏။ သူတပါးကို ညှဉ်းဆဲခြင်းငှါ အလိုရှိ၏။
Hose BurJudso 12:8  သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည် ရတတ်၏။ ဘဏ္ဍာကို သိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ၍ မတွေ့ရာဟု ဆိုလိမ့်မည်။
Hose BurJudso 12:9  ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ဓမ္မပွဲခံစဉ် တွင် နေတတ်သကဲ့သို့ တဖန်တဲတို့၌ နေစေမည်။
Hose BurJudso 12:10  ငါသည် ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာ သော ရူပါရုံတို့ကို ပြပြီ။ ပရောဖက်များအားဖြင့် ပုံပမာ တို့ကို ထားပြီ။
Hose BurJudso 12:11  ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်းရှိကြပြီ။ ဂိလဂါလမြို့၌ နွားတို့ကို ယဇ် ပူဇော်၍၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ၏။
Hose BurJudso 12:12  ယာကုပ်သည် ရှုရိပြည်သို့ ပြေး၏။ ဣသရေလ သည် မယားကိုရခြင်းငှါ အစေကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။
Hose BurJudso 12:13  ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ ပရောဖက် အားဖြင့်လည်း စောင့်မတော်မူ၏။
Hose BurJudso 12:14  ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော် လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သော အပြစ် သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်း အပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။