Site uses cookies to provide basic functionality.

OK
II THESSALONIANS
1 2 3
Prev Up Next
Chapter 2
II T BurJudso 2:1  ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊
II T BurJudso 2:2  သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင် တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။
II T BurJudso 2:3  အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန် သင်းခွဲသည့် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည်ပေါ်လာရလိမ့်မည်။
II T BurJudso 2:4  ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း။
II T BurJudso 2:5  ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်းအရာများကို ပြောပြီဟုသင်တို့သည် သတိမရ ကြသလော။
II T BurJudso 2:6  ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှါ၊ ယခုဆီးထားသောအကြောင်းကိုလည်း သင်တို့ သိကြ၏။
II T BurJudso 2:7  အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မှီတိုင်အောင် ဆီးတားလိမ့်မည်။
II T BurJudso 2:8  ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။
II T BurJudso 2:9  ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုးနှင့်၎င်း၊
II T BurJudso 2:10  ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။
II T BurJudso 2:11  ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်။
II T BurJudso 2:12  တရားရှုံးခြင်းသို့ရောက်မည်အကြောင်း၊ မုသာစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်း အခွင့်ကိုသူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။
II T BurJudso 2:13  သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ ဘုရားသခင်သည် ရှေ့ဦးစွာပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။
II T BurJudso 2:14  ထိုသို့အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း။
II T BurJudso 2:15  ထိုကြောင့်၊ ညီအစ်ကိုတို့၊ ငါတို့နှုတ်ထွက်စကား အားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူ စွဲလမ်းကြလော့။
II T BurJudso 2:16  ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်းအကြောင်းကို၎င်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်းအကြောင်းကို၎င်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှု ခရစ်သည် ကိုယ်တော်တိုင်၊
II T BurJudso 2:17  သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှု အမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော။