Site uses cookies to provide basic functionality.

OK
III JOHN
Up
1
Toggle notes
Chapter 1
III BurCBCM 1:1  သမ္မာတရား၌ ငါချစ်ခင်ရသော မိတ်ဆွေဂါးယု ထံသို့ သက်ကြီးဝါကြီးဖြစ်သူထံမှစာရေးလိုက် ပါ ၏။
III BurCBCM 1:2  ချစ်မိတ်ဆွေ၊ သင်၌ အစစအရာရာအဆင်ပြေစေရန်နှင့် သင်၏ဝိညာဉ်ရေးကောင်းမွန်သည့်အတိုင်း သင်၏ခန္ခာကိုယ် သည်လည်း ကျန်းမာစေရန် ငါဆုတောင်း ပါ၏။-
III BurCBCM 1:3  အကြောင်းမူကား သင်သည် သမ္မာတရားတော်ကို အမှန်ပင်လိုက်နာကျင့်သုံးသည့်အတိုင်း သင်၏သမ္မာတရားကို ညီအစ်ကို အချို့တို့လာရောက်၍ သက်သေခံ ကြသောအခါ ငါသည် အလွန်ဝမ်းမြောက်ရသောကြောင့် ဖြစ်၏။-
III BurCBCM 1:4  ငါ၏သားသမီးများသည် သမ္မာတရားကို လိုက် နာကျင့်သုံးကြကြောင်းကို ငါကြားရစဉ် ဝမ်းမြောက်ရသည်ထက်ပိုသော ဝမ်းမြောက်ခြင်းဟူ၍ ငါ၌မရှိချေ။
III BurCBCM 1:5  ချစ်မိတ်ဆွေ၊ သင်သည် ညီအစ်ကိုများကိုလည်း ကောင်း၊ အထူးသဖြင့် ဧည့်သည်အာဂန္တုများကိုလည်း ကောင်း ဧည့်ဝတ်ပြု သောအခါ သစ္စာရှိသောအမှုကို သင် ဆောင်ရွက်ခြင်းဖြစ်၏။-
III BurCBCM 1:6  ထိုသူတို့သည် သင်၏ချစ်ခြင်း မေတ္တာကို အသင်းတော်ရှေ့၌ သက်သေခံကြလေပြီ။ သူတို့အား ဘုရားသခင်နှစ် သက်တော် မူသည့်အတိုင်း ခရီးဆက်နိုင်ရန် သင်ကူညီပေးပါလော့။-
III BurCBCM 1:7  အကြောင်းမူကား သူတို့သည် ကိုယ်တော်၏နာမတော်အတွက် ခရီးထွက် ခဲ့ကြပြီး လူမျိုးခြားတို့ထံမှ မည်သည့်အလှူကိုမျှ လက်မခံ ခဲ့ကြပေ။-
III BurCBCM 1:8  သို့ဖြစ်၍ ငါတို့သည် သမ္မာတရားတော်၌ လုပ် ဖော်ကိုင်ဖက်များဖြစ်ကြရန် ထိုကဲ့သို့သောသူတို့ကို ကူ ညီပံ့ပိုးသင့်၏။
III BurCBCM 1:9  ငါသည် အသင်းတော်ထံသို့ စာရေးလိုက်လေပြီ။ သို့သော် မိမိကိုယ်ကို ပထမနေရာ၌ ထားရန်နှစ်သက် သော ဒီအိုးတြေဖက် သည် ငါတို့ကိုအသိအမှတ်မပြုချေ။-
III BurCBCM 1:10  သို့ဖြစ်၍ ငါလာသောအခါ သူပြုလုပ်သမျှကို ထုတ် ဖော်ပြောဆိုမည်။ သူသည် မဟုတ်မမှန်သောစကားများဖြင့် ငါတို့ကို စွပ်စွဲပြောဆို၏။ ဤမျှနှင့်မကျေနပ်သေးဘဲ သူသည် ညီအစ်ကိုတို့ကို လက်ခံကြိုဆိုရန် ကိုယ်တိုင် ငြင်းဆန်ပြီး ထိုသူတို့အား လက်ခံကြိုဆိုလိုသောသူများ ကိုလည်း တားမြစ်ကာ အသင်းတော်မှ နှင်ထုတ်လေ၏။
III BurCBCM 1:11  ချစ်မိတ်ဆွေ၊ မကောင်းမှုကို အတုမယူဘဲ ကောင်း သောအရာကို အတုယူပါလော့။ ကောင်းသောအမှုကို ပြုသောသူသည် ဘုရားသခင်နှင့်သက်ဆိုင်၏။ မကောင်း သောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိ မမြင်သေးသောသူဖြစ်၏။
III BurCBCM 1:12  ဒေမေတြီဦးသည် လူတိုင်း၏ချီးမွမ်းပြောဆိုခြင်း ကိုခံရ၏။ သမ္မာတရားတော်ကပင် သူ့ကို သက်သေခံ၏။ ငါသည်လည်း သူ့ကို သက်သေခံပါ၏။ ငါ၏သက်သေခံ ချက်သည် မှန်ကန်ကြောင်း သင်သိ၏။
III BurCBCM 1:13  ငါသည် သင့်ထံသို့ ရေးစရာများစွာရှိသော်လည်းမှင်တံနှင့် မှင်ကိုအသုံးပြု၍ရေးရန်ငါအလိုမရှိ။-
III BurCBCM 1:14  ငါသည် သင့်ကိုမကြာမီတွေ့ဆုံ၍ သင်နှင့်မျက်နှာချင်းဆိုင်လျက် အတူစကားပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ပါ၏။
III BurCBCM 1:15  သင်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော်။ သင်၏ မိတ်ဆွေများက သင့်ကို နှုတ်ဆက်လိုက်ကြ၏။ ငါတို့၏ မိတ်ဆွေများကို လည်း တစ်ဦးစီနှုတ်ဆက်ပေးပါလော့။