LEVITICUS
Chapter 17
Levi | BurJudso | 17:3 | ဣသရေလအမျိုးသား တစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ၊ | |
Levi | BurJudso | 17:4 | ထာဝရဘုရား၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။ | |
Levi | BurJudso | 17:5 | ဣသရေလအမျိုးသားတို့သည် တော၌ ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။ | |
Levi | BurJudso | 17:6 | ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည်။ | |
Levi | BurJudso | 17:7 | သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။ | |
Levi | BurJudso | 17:8 | ဣသရေလအမျိုးသားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ၊- | |
Levi | BurJudso | 17:9 | ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည်။ | |
Levi | BurJudso | 17:10 | ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။ | |
Levi | BurJudso | 17:11 | အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။ | |
Levi | BurJudso | 17:12 | ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ | |
Levi | BurJudso | 17:13 | ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့်ဖုံးရမည်။ | |
Levi | BurJudso | 17:14 | အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။ | |
Levi | BurJudso | 17:15 | အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်၏အသားကို စားသော ကိုယ် အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။ | |