LEVITICUS
Chapter 22
Levi | BurJudso | 22:2 | အာရုန်နှင့်သူ၏သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။ | |
Levi | BurJudso | 22:3 | ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ | |
Levi | BurJudso | 22:4 | နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊- | |
Levi | BurJudso | 22:5 | ညစ်ညူးစေ၍ တွားတတ်သော တိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစုံတခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသော သူတို့သည်၊- | |
Levi | BurJudso | 22:6 | ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကို ရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။ | |
Levi | BurJudso | 22:7 | နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့ စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှ စားရကြမည်။ | |
Levi | BurJudso | 22:8 | အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည် ထာဝရဘုရားဖြစ်၏။ | |
Levi | BurJudso | 22:9 | ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ၏။ | |
Levi | BurJudso | 22:10 | တပါးအမျိုးသားသည် သန့်ရှင်းသောအရာကို မစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည် မစားရ။ သူငှါးလည်း မစားရ။ | |
Levi | BurJudso | 22:11 | ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကို စားရမည်။ | |
Levi | BurJudso | 22:12 | ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား၏ မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကို မစားရ။ | |
Levi | BurJudso | 22:13 | သို့ရာတွင် လင်သေသော်၎င်း၊ လင်နှင့်ကွာသော်၎င်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တပါးအမျိုးသားမစားရ။ | |
Levi | BurJudso | 22:14 | လူသည် သန့်ရှင်းသောအရာကို မသိဘဲ စားမိလျှင်၊ စားမိသောအရာ၏ အဘိုးနှင့်တကွ ငါးစုတစု ကိုထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။ | |
Levi | BurJudso | 22:16 | ထိုအရာတို့ကို စားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။ | |
Levi | BurJudso | 22:17 | တဖန်မောရှေအား ထာဝရဘုရားက သင်သည် အာရုန်နှင့် သူ၏သား ဣသရေလအမျိုးသား အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊- | |
Levi | BurJudso | 22:18 | ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိ ရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင်၊- | |
Levi | BurJudso | 22:21 | သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည်။ အပြစ်တစုံတခုမျှ မရှိရ။ | |
Levi | BurJudso | 22:22 | မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖြင့် ပူဇော်သက္ကာမပြုရ။ | |
Levi | BurJudso | 22:23 | သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်း အပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။ | |
Levi | BurJudso | 22:24 | ကြိတ်နယ် စုတ်ပြတ်ရာ အနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။ | |
Levi | BurJudso | 22:25 | ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။ | |
Levi | BurJudso | 22:27 | သိုး၊ ဆိတ်၊ နွားတို့သည် မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာဘို့တော်သင့်၏။ | |
Levi | BurJudso | 22:29 | ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါ ပူဇော်လော့။ | |
Levi | BurJudso | 22:32 | သန့်ရှင်းသော ငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလ အမျိုးသားတို့သည် ထင်မှတ်ရကြမည်။ | |