Site uses cookies to provide basic functionality.

OK
II PETER
1 2 3
Prev Up Next Toggle notes
Chapter 3
II P BurCBCM 3:1  ငါ၏ချစ်မိတ်ဆွေတို့၊ ဤစာသည် သင်တို့ထံသို့ ငါရေးသောဒုတိယစာဖြစ်၏။ စာနှစ်စောင်စလုံး၌ ငါသည် ပြန်လည်သတိပေး ခြင်းအားဖြင့် သင်တို့၏ရိုး သားသောစိတ်နှလုံးတွင်၊-
II P BurCBCM 3:2  ရှေးကာလက မြင့်မြတ်သော ပရောဖက်တို့၏ဟောကြားချက်များနှင့် သင်တို့၏တမန်တော်ကြီးများမှတစ်ဆင့် သင်တို့ရရှိခဲ့ သော ကယ်တင်ရှင်သခင်ဘုရား၏ပညတ်တော်ကို အောက်မေ့သတိရသင့်ကြောင်း နှိုးဆော်ခဲ့၏။-
II P BurCBCM 3:3  ပထမဦးစွာ သင်တို့နားလည်ရ မည့်အချက်သည်ကား နောက်ဆုံးသောနေ့ရက်တို့၌ ပြက်ရယ်ပြုတတ်သောသူတို့သည် ရောက်လာ၍ မိမိတို့၏အလိုဆန္ဒတပ်မက်ခြင်းများနောက်သို့လိုက်ပြီး ပြက်ရယ်ပြုလျက်၊-
II P BurCBCM 3:4  သခင်ဘုရားကြွလာတော်မူမည်ဟူသော ကတိတော်ကား အဘယ်မှာနည်း၊ အကြောင်းမူကား ငါတို့၏ဘိုးဘေးများ သေဆုံး ခဲ့ကြသည့်အချိန်မှစ၍ အရာခပ်သိမ်းတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်းဆက် လက်တည်ရှိခဲ့ကြပေသည်တကား ဟုဆိုကြ လိမ့်မည်။-
II P BurCBCM 3:5  ထိုသူတို့သည် ထာ၀ရဘုရားသခင်၏နှုတ်တော်ထွက် စကားအားဖြင့် ကောင်းကင်သည် ရှေးကာလကြာမြင့်စွာကပင်တည်ရှိ နေသည်ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးသည် ရေထဲမှထွက်ပေါ်လာ၍ ရေဖြင့်ပင် ဖြစ်ပေါ်သည်ကိုလည်းကောင်း၊-
II P BurCBCM 3:6  ထိုအချိန်က ဖြစ်ပေါ်ခဲ့သောကမ္ဘာမြေကြီးသည် ရေဖြင့် လွှမ်းမိုးဖျက်ဆီးခြင်းခံခဲ့ရကြောင်းကိုလည်းကောင်း သိလျက်နှင့် လျစ်လျူရှုထားခဲ့ကြ၏။-
II P BurCBCM 3:7  ထိုနှုတ်တော်ထွက်စကားကပင်လျှင် ယခုတည်ရှိနေသော ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို မီးဖြင့်သန့်စင်ရန် ဘုရားတရားမဲ့သူတို့ကို တရားစီရင်၍ ဖျက်ဆီးတော်မူ မည့်နေရက်တိုင်အောင် ထိန်းသိမ်းထားလေ၏။
II P BurCBCM 3:8  ချစ်မိတ်ဆွေတို့၊ ထာ၀ရဘုရားသခင်အတွက် နေ့ရက်တစ်ရက်သည် နှစ်ပေါင်းတစ်ထောင်ကဲ့သို့လည်းကောင်း၊ နှစ်ပေါင်း တစ်ထောင်သည် နေ့ရက်တစ်ရက်ကဲ့သို့လည်းကောင်း ဖြစ်သည်ကိုမူ သင်တို့မမေ့လျော့သင့်ပေ။-
II P BurCBCM 3:9  အချို့လူများထင်မှတ်သကဲ့သို့ ထာ၀ရဘုရားသခင်သည် မိမိ၏ကတိတော်နှင့်ပတ်သက်၍ နှောင့်နှေးခြင်းရှိတော်မမူပေ။ အမှန်စင်စစ် ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပျက်စီးစေဘဲ လူအားလုံးတို့ကို နောင်တရစေရန်အလိုရှိ သောကြောင့် သင်တို့အပေါ်သည်းခံနေတော်မူခြင်းဖြစ်၏။-
II P BurCBCM 3:10  သို့သော် သခင်ဘုရား၏ နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ထိုအခါ ကောင်းကင်သည် ကျယ်လောင်သောအသံ ထွက်ပေါ်လျက် ပျောက်ကွယ်သွားလိမ့်မည်။ သဘာ၀လောကဓာတ်တို့သည်လည်း မီးအားဖြင့်အရည်ပျော်ကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်၌ရှိသောအရာတို့ သည်လည်း လောင်ကျွမ်းခြင်းခံကြရလိမ့်မည်။
II P BurCBCM 3:11  အရာခပ်သိမ်းတို့သည် ဤကဲ့သို့ပျက်စီးပျောက် ကွယ်သွားကြရမည်ဖြစ်သောကြောင့် သင်တို့သည် သန့်ရှင်းမွန်မြတ် ခြင်းနှင့် ဘုရားတရားကြည်ညိုခြင်းတို့၌ ရှင်သန်ခြင်းငှာ မည်သို့သောသူများဖြစ်သင့်သနည်း။-
II P BurCBCM 3:12  သင်တို့သည် ဘုရားသခင်၏နေ့ရက်ရောက်လာမည့်အချိန်ကို စောင့်ငံ့လျက်ရှိကြသည်ဖြစ်၍ မကြာမီပင် ထိုနေ့ရက် ကျရောက်လာစေခြင်းငှာ အစွမ်းကုန်ကြိုးစားကြလော့။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်၌ ကောင်းကင်သည် မီးလောင်၍ ပျက်စီးလိမ့်မည်။ သဘာ၀လောကဓာတ်တို့သည်လည်း မီးအားဖြင့် အရည်ပျော်ကြလိမ့်မည်။-
II P BurCBCM 3:13  သို့သော် ငါတို့သည် ကိုယ်တော်၏ကတိတော် အတိုင်း ဖြောင့်မတ်ခြင်းတရားတည်ရှိရာ ကောင်းကင် သစ်နှင့် ကမ္ဘာသစ်ကို စောင့်မျှော်လျက်နေကြ၏။
II P BurCBCM 3:14  ထို့ကြောင့် ချစ်မိတ်ဆွေတို့၊ သင်တို့သည် ဤအရာများကို စောင့်မျှော်လျက်ရှိသည်ဖြစ်၍ ကိုယ်တော်သည် သင်တို့ကို အစွန်းအကွက် အပြစ်အနာအဆာကင်းစင်လျက် ငြိမ်းချမ်းသာယာခြင်း၌တွေ့ရှိနိုင်ရန် အစွမ်းကုန်ကြိုးစားကြလော့။-
II P BurCBCM 3:15  ငါတို့သခင်ဘုရား၏စိတ်ရှည်သည်း ခံတော်မူခြင်းကို သင်တို့၏ကယ်တင်ခြင်းအဖြစ် မှတ်ယူကြလော့။ ငါတို့ချစ်သော ညီတော်ပေါလုသည်လည်း မိမိရရှိသောဉာဏ်ပညာအတိုင်း သင်တို့ထံသို့ စာရေးခဲ့သည်ဖြစ်၍၊-
II P BurCBCM 3:16  သူသည် ဤအကြောင်းကိုလည်း မိမိရေးသမျှသောစာတို့တွင် ဖော်ပြထားလေ၏။ ထိုစာများတွင် အချို့သောအကြောင်း အရာတို့သည် နားလည်ရန် ခက်ခဲလှသောကြောင့် အသိပညာမဲ့၍ စိတ်မတည်ငြိမ်သော သူတို့သည် အခြားသောကျမ်းချက် များကို လွဲမှားစွာနားလည်ကြသကဲ့သို့ ထိုအကြောင်းအရာတို့ကိုလည်းလွဲမှားစွာ နားလည်ကြသဖြင့် မိမိတို့ကိုယ်ကို ပျက်စီးခြင်း သို့ ရောက်စေကြ၏။
II P BurCBCM 3:17  ထို့ကြောင့် ချစ်မိတ်ဆွေတို့၊ သင်တို့သည်လည်း ဤအကြောင်းအရာများကို ကြိုတင်သိနှင့်ပြီးဖြစ်သောကြောင့် တရားမဲ့ သောသူတို့၏မှားယွင်းခြင်းသို့ လိုက်ပါမသွားစေရန်နှင့် မိမိတို့၏တည်ကြည်ခိုင်မြဲခြင်းကို မဆုံးရှုံးစေရန် သတိပြုကြလော့။-
II P BurCBCM 3:18  ထို့အတူ ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်သော ယေဇူးခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကို သိရှိခြင်း၌လည်းကောင်း ရှင်သန်ကြီးထွားကြလော့။ ကိုယ်တော်အား ယခုမှစ၍ ထာ၀ရဆက်ဆက် ဘုန်းတော်ဂုဏ်တော်ရှိ စေသတည်း။ အာမင်။